Home » » ရွှေတိဂုံစေတီတော်ပုံ ကုန်အမှတ်တံဆိပ် သိမ်းဆည်းမည်

ရွှေတိဂုံစေတီတော်ပုံ ကုန်အမှတ်တံဆိပ် သိမ်းဆည်းမည်

Written By Unknown on Wednesday, August 28, 2013 | 8:56 AM

ရန်ကုန်၊ သြဂုတ် ၂၇

၂၆.၈.၂၀၁၃ရက်နေ့က ဖူးရှင်းဘရားသား ကုမ္ပဏီမှ လက်ဆောင်ပေးသည့် လက်ဖက်ခြောက်ဗူးများ ပေါ်တွင် ရွှေတိဂုံစေတီတော်ပုံ ပါရှိသဖြင့် တာမွေမြို့နယ် သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်တစ်ပါးမှ တိုင်းသံဃာ့နာယက ဥက္ကဌ ဆရာတော်ထံသို့ အဆိုပါ လက်ဖက်ခြောက်ဗူး ပေါ်တွင် ရွှေတိဂုံစေတီပုံပါရှိ၍ သံဃာတော်များမှ ကျေနပ်မှုမရှိခြင်း၊ သံဃာတော်နှင့် ဗုဒ္ဓဘာသာဝင်တို့မှ စိတ်မချမ်းမြေ့ခြင်း ဖြစ်ကြကြောင်း လျှောက်ထားခဲ့ရာ တိုင်းသံဃာ့နာယက ဥက္ကဌဆရာတော်မှ သာသနာရေးမှူးမှ တဆင့် တာဝန်ရှိသူ အဆင့်ဆင့်ထံ သတင်းပို့စေခဲ့ ပါသည်။

၂၇.၈.၂၀၁၃ရက်နေ့ ၁၅၀၀အချိန်တွင် တိုင်းသာသနာရေး ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ သာသနာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများမှ ဖူးရှင်းဘရားသား ကုမ္ပဏီအကြံပေး ဦးဇင်ဦးအား ခေါ်ယူ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာတွင် စီးကရက်ဗူး ပုံသဏ္ဍာန် လက်ဖက်ခြောက်ဗူးငယ်များတွင် ရွှေတိဂုံစေတီတော်ပုံများ ရိုက်နှိပ်ထားပြီး ၎င်းဗူးငယ်(၉)ဗူးထည့်သည့် စက္ကူဗူးကြီးပေါ်နှင့် လက်ဆွဲအိတ်တို့ ပေါ်တွင်လည်း ရွှေတိဂုံ စေတီတော်ပုံ(Logo) အမှတ်အသားများဖြင့်
ကုန်အမှတ်တံဆိပ် အသုံးပြုထားသည့် အတွက် သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ခံစားရသဖြင့် ကန့်ကွက်ကြောင်းနှင့် ယင်းတံဆိပ်အား ဆက်လက် အသုံးမပြုရန် ရှင်းလင်းပြောကြား ခဲ့ပါသည်။

ကုမ္ပဏီအကြံပေးဦးဇင်ဦးမှ ၎င်းတို့ကုမ္ပဏီအနေဖြင့် နိုင်ငံခြားသားများနှင့် ပြည်တွင်းမိတ်ဆွေများအား လက်ဆောင်ပေးရန် တရုတ်ပြည်ရှိ ကုမ္ပဏီသို့ ကမ္ဘာလုံး စီးကရက်စက်ရုံ လိပ်စာကိုသာပေးပြီး မြန်မာပြည်အတွက် အမှတ်တရ(Logo)လုပ်ပေးရန်၂၀၁၃ခုနှစ်၊ ဇူလိုင်လအတွင်းက မှာကြားခဲ့ရာ သြဂုတ် လဆန်းပိုင်းတွင် ရွှေတိဂုံစေတီတော်ပုံပါ လက်ဖက်ခြောက်ဗူးကြီး (၅၀)ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသိရှိရပါသည်။

ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာဦးအိုက်ထွန်းမှ မှာယူရရှိသည့်ဗူး(၅၀)အနက် ၎င်း၏မိတ်ဆွေများနှင့် နိုင်ငံခြားသားများထံ (၁၆)ဗူးလက်ဆောင် ပေးခဲ့ကြောင်း သိရှိရသဖြင့် ကျန်(၃၄)ဗူးအားသိမ်းဆည်းခဲ့ပြီး လက်ဆောင်ပေးခဲ့ပြီးဖြစ်သည့် (၁၆)ဗူးအား ပြန်လည်သိမ်းဆည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းထုတ်ပြန် ထားပါသည်။