Home » » ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမားအရေး ခုံသမာဓိရုံးအထိ တက်ရောက်ဖြေရှင်းမည်

ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမားအရေး ခုံသမာဓိရုံးအထိ တက်ရောက်ဖြေရှင်းမည်

Written By Unknown on Thursday, August 29, 2013 | 6:34 PM

ဟုန်ရှင်း အအေးခန်း စက်ရုံအလုပ်သမား အဖွဲ့ခေါင်းဆောင်နှစ်ဦး အလုပ် ထုတ်ခံရသည့်ကိစ္စအား ခုံသမာဓိ ရုံးအဆင့်သို့ တက်ရောက်ဖြေရှင်း ရမည်ဖြစ်ကြောင်း အလုပ်သမား အဖွဲ့ ဥက္ကဋ္ဌဦးမင်းမင်းက ပြော သည်။

အဆိုပါကိစ္စနှင့်ပတ်သက် ၍ ဟုန်ရှင်းအလုပ်သမားစက်ရုံမှ အလုပ်သမားညှိနှိုင်းဖျန်ဖြေရေး ကိုယ်စားလှယ်နှစ် ဦးအလုပ်ထုတ် ခံရခြင်းအပေါ် ဩဂုတ် ၂၈ရက် အထိ ရက်ပေါင်း ၁၉ရက်အထိ ဆန္ဒဖော်ထုတ်ခြင်းနှင့်ပတ်သက် ပြီး ယင်းကိစ္စအား ဖြေရှင်းဆောင် ရွက်ရန်အတွက် ဗိုလ်တထောင် မြို့နယ်ရှိ ခုံသမာဓိကောင်စီရုံး သို့ တက်ရောက်ဖြေရှင်းရမည် ဖြစ်ကြောင်း သိရသည်။

''၈၈မျိုးဆက်အဖွဲ့က ကြား ဝင်စေ့စပ်ဆွေးနွေးတာကတော့ လုပ်ငန်းရှင်ဘက်က ကျွန်တော် တို့ တောင်းဆိုထားတဲ့အချက် ၁ဝချက်ထဲက ကိုးချက်ကို လိုက် လျောပေးမယ်ပြောတယ်။ ကျန်တဲ့ နံပါတ်(၁)တောင်းဆိုချက်ဖြစ် တဲ့ အလုပ်ပြန်ခန့်ဖို့ကိစ္စကိုတော့ ခုံသမာဓိကောင်စီရုံးမှာ ဖြေရှင်း ရမှာဖြစ်တယ်''ဟု ပြောသည်။

ယင်းက ဆက်လက်၍ ယင်း ကဲ့သို့ ဆန္ဒဖော်ထုတ်သည့်ကိစ္စ အား အမြန်ဆုံးနှင့် အလုပ်သမား များ နစ်နာမှုမရှိအောင် ဖြေရှင်း ပေးစေလိုကြောင်း ပြောသည်။

တောင်ဒဂုံမြိုနယ် ၈၈မျိုး ဆက်ကျောင်းသား (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးမောင်မောင်က''ကြားဝင်ညှိနှိုင်း ပေးတဲ့အခါ အလုပ်ရှင်ဘက် တောင်းဆိုတဲ့အချက်ထဲက နံပါတ် (၉)အချက်ကို လိုက်လျောပေး ပါတယ်။ အလုပ်ရှင်ဘက်ကပြော တာတော့ ဆန္ဒထုတ်ဖော်မှုဖြစ်စဉ် နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ ကို နောက်တစ်ကြိမ် အလားတူ ကိစ္စများအပါအဝင် တခြားကိစ္စ များ ထပ်မံမကျူးလွန်တော့မည် ဖြစ်ကြောင်း ခံဝန်ချက်ပေးမယ် ပြောတယ်''ဟု ပြောသည်။

ယင်းက ဆက်လက်၍ အ လုပ်ထုတ်ခံရသည့် အလုပ်သမား နှစ်ဦးကိစ္စအား ခုံသမာဓိရုံးတွင် ဆက်လက်ဖြေရှင်းရန် လွှဲအပ် ထားမှုများရှိကြောင်းနှင့် ယင်းတို့ ဘက်ကလည်း အလုပ်သမားများ နစ်နာမှုမရှိအောင် ကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

သြဂုတ်(၂၉)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group