Home » » ခုန်ချရန်ကြံစည်သော အမျိုးသမီး မီးသတ်မှ အချိန်မီ ကယ်ဆယ်နိုင်

ခုန်ချရန်ကြံစည်သော အမျိုးသမီး မီးသတ်မှ အချိန်မီ ကယ်ဆယ်နိုင်

Written By Unknown on Sunday, August 11, 2013 | 9:06 AM

ရန်ကုန် သြဂုတ် ၁ဝ

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံရှိ အသစ်ဆောက်နေသော စင်တာ၏အနောက်ဘက်တိုက် ခြောက်လွှာတွင် ယနေ့ ညနေ ၃ နာရီတွင် အမျိုးသမီးတစ်ဦး ခုန်ချရန် ကြိုးစားမှုကို အချိန်မီတားဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။

ထိုတိုက်ခန်းသည် လူမနေသော အခန်းဖြစ်သည်ဟု သိရပြီး မီးသတ် ကယ်ဆယ်ရေးအဖွဲ့များက အချိန်မီ ဟန့်တား ဖျောင်းဖျပေးနိုင်ခြင်းကြောင့် ခုန်ချခြင်းမျိုးမဖြစ်တော့ကြောင်း သိရသည်။ ''အခု ဆေးရုံကြီးကို ပို့ထား ပါတယ်၊ ဒီအမျိုးသမီးကို နာမည်မေး မရသေးဘူး၊ ဝူးဝူးဝါးဝါးနဲ့ အော်ဟစ်နေတာကို မနည်းခက်ခက် ခဲခဲနဲ့ ဖျောင်းဖျပြီး ဆေးရုံပို့ရပါတယ်''ဟု ကယ်ဆယ်ရေးတွင် ပါဝင်ဆောင်ရွက် သည့် မီးသတ်အရာရှိက ရှင်းပြသည်။

၎င်းသည် အဆိုပါလှည်းတန်း တစ်ဝိုက်တွင် အဆောင်နေရာမှ ယင်း နေရာသို့ လာရောက်ခုန်ချရန်ကြံစည် လုပ်ဆောင်ခြင်းဖြစ်နိုင်ပြီး စိတ်ဖောက် ပြန်သူတစ်ဦးဟု ယူဆရကြောင်း သိရ သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာက စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

The Mirror Daily