Home » » မထသ အဖွဲ့ကြီးအတွင်း ငွေကြေးအလွဲသုံးစားကိစ္စ ဖြေရှင်းအရေးယူမှု ပျက်ကွက်

မထသ အဖွဲ့ကြီးအတွင်း ငွေကြေးအလွဲသုံးစားကိစ္စ ဖြေရှင်းအရေးယူမှု ပျက်ကွက်

Written By Unknown on Friday, August 16, 2013 | 5:39 PM

မထသကော်မတီ မှအလွဲသုံးစားလုပ်ထားသည့် မထသဝန်ထမ်းများ၏ လူမှုရေး ရန်ပုံငွေအချို့ကို ယနေ့အထိပြန် လည်မရရှိသေးကြောင်း မထသ သယ်ယူပို့ဆောင်ရေး၊ မြို့နယ်အ လုပ်သမား အဖွဲ့ အစည်း ၏ဥက္ကဋ္ဌ ဦးဝင်းဇော်က ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်း သိမ်းရေးကော်မတီအနေဖြင့် မှတ်ပုံတင်သက်တမ်းကြာမြင့် သော(စ၊ ဆ၊ ဇ)အက္ခရာ CNG ယာဉ်ပိုင်ရှင်များကို သင်္ခေပကုမ္ပဏီ နှင့် အားမာန်သစ်ကုမ္ပဏီတို့မှ ဝယ်ယူ တင်သွင်း သော ယာဉ်သစ် ကြီး ၅၃စီးအား ရောင်းချခဲ့ရာ သက်ဆိုင်ရာကုမ္ပဏီများနှင့် ချုပ် ဆိုထားသော နားလည်မှုစာချွန် လွှာသဘောတူစာချုပ်များ အရ ကုမ္ပဏီများမှ မထသ (ရန်ကုန် တိုင်းဒေသကြီး)သို့ ရန်ပုံငွေပေး သွင်းရ မည်ဖြစ် ကြောင်း သိရ သည်။

နားလည်မှုစာချွန်လွှာအရ ပထမအသုတ် တင်သွင်းရောင်း ချပေးခဲ့သည့် ယာဉ်သစ်အစီး ၂၀ အတွက် တစ်စီးလျှင် ကျပ်ငါးသိန်း နှုန်းဖြင့် မထသဝန်ထမ်းသက်သာ ရန်ပုံငွေအဖြစ် ကျပ်သိန်း ၁ဝဝကို သင်္ခေပကုမ္ပဏီမှ ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၁၇ ရက် တွင် မထသကော် မတီထံ ပေးသွင်းခဲ့ကြောင်းသိရ သည်။ သို့သော် ယင်းပေးသွင်းငွေ ကျပ်သိန်း ၁ဝဝကို မထသဌာန မှူးက ပြန်လည်ထုတ်ယူသွားခဲ့ပြီး မထသကော်မတီ လစဉ်ပုံမှန်အ စည်းအဝေး(၈/၂၀၁၂)တွင် ပြန် လည်ပေး သွင်း မည် ဟု ကတိပြု ပြောကြားခဲ့ကြောင်း ဦးဝင်းဇော် ၏ပြောပြချက်အရ သိရသည်။

''ဒါနဲ့ပတ်သက်ပြီး ကျွန် တော်တို့မြို့နယ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနဆီ စာတင် ထားတယ်။ အဲဒီက ဆုံးဖြတ်ချက် အပေါ်မူတည်ပြီးတော့ ကျွန်တော် တို့ဥပဒေအရ ဆက်လက်ဆောင် ရွက်သွားမယ်။ လိုအပ်ရင် တရား စွဲသွားမယ်''ဟု မထသသယ်ယူပို့ ဆောင်ရေး၊ မြို့နယ်အလုပ်သ မားအဖွဲ့အစည်း၏ဥက္ကဋ္ဌ ဦးဝင်း ဇော်က ပြောသည်။ ပြန်လည်ပေးအပ်ခြင်းမရှိ ခဲ့သည့် အဆိုပါကျပ်သိန်း၁ဝဝကို မထသကော်မတီ၏ လစဉ်ပုံမှန် အစည်းအဝေးများတွင် မထသ သယ်ယူပို့ဆောင်ရေး၊ မြို့နယ်အ လုပ်သမားအဖွဲ့အစည်းမှ အကြိမ် ကြိမ်တင်ပြခဲ့သော်လည်း ထူးခြား မလာသောကြောင့် ယင်းတို့လက် မှတ်ရေးထိုးကာ ရန်ကုန်တိုင်းဒေ သကြီးဝန်ကြီးချုပ်အပါအဝင် လမ်း ပန်းဆက် သွယ်ရေး ဝန်ကြီး နှင့် မထ သ(ဗဟို)ထံ တင်ပြအကြောင်း ကြားခဲ့ကြောင်းသိရသည်။

ယင်းနှင့်ပတ်သက်၍ မထ သကော်မတီဌာနမှူးကို ဆက် သွယ်မေးမြန်းရာ ယင်းက ''ဒီကိစ္စ က ကျွန်တော်နဲ့မဆိုင်ပါဘူး။ ကျွန်တော်ပြောပိုင်ခွင့်လဲမရှိပါ ဘူး။ ဥက္ကဋ္ဌကိုပဲမေးလိုက်ပါ''ဟု ပြန်လည်ဖြေကြားခဲ့သည်။ ယင်းကိစ္စကို ခုံရုံးအဖွဲ့က စစ်ဆေးပြီး ဖြစ်ပြီး ကော်မတီအ နေဖြင့် အပြစ်ရှိမည်ဆိုပါက ယခု အချိန်တွင် အပြစ်ဒဏ်ခံနေရပြီ ဖြစ်ကြောင်း၊ သို့သော် ယခုအချိန် ထိ မည်သည့်ပြစ်ဒဏ်မျှချမှတ် ခြင်းမခံရသည်မှာ ယင်းတို့အနေ ဖြင့် အပြစ်ကင်းရှင်း၍သာဖြစ် သည်ဟု မထသ ကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်က ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။

မာန်ယုကျော် (ရွှေဝမြေ)
Yangon Media Group