Home » » ကျပ်သိန်းတစ်ထောင်ကျော်တန် ဘိန်းဖြူများ ဖမ်းမိ

ကျပ်သိန်းတစ်ထောင်ကျော်တန် ဘိန်းဖြူများ ဖမ်းမိ

Written By Unknown on Sunday, August 11, 2013 | 8:29 AM

၉-၈-၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန်တွင် ကချင်ပြည်နယ် မြစ်ကြီးနား မူးယစ်(အထူး)အဖွဲ့ မှ တပ်ဖွဲ့ ဝင်များသည် ရဲတပ်ကြပ် အောင်အောင် ၏ သတင်းရယူမှုဖြင့် မြစ်ကြီးနားမြို့ ၊ အောင်နန်းရပ်ကွက်၊ “ရွှေမြို့ တော်” တည်းခိုခန်း၊ အခန်းအမှတ်(B-004)သို့ ၀င်ရောက် စစ်ဆေး ရှာဖွေခဲ့သည်။

အဆိုပါ တည်းခိုခန်း အတွင်း တည်းခိုနေ  သူများ ဖြစ်ကြသော ဒေါ်လဗျခေါန်(ခ)မခေါန် နှင့် မခေါနန် တို့ နှစ်ဦးအား အသင့်တွေ့ ရှိရပြီး ၄င်းတို့နှစ်ဦးအနီးမှ အပြာရောင် ခရီးဆောင်အိတ်ဖြင့် ထည့်ထားသည့် ပလပ်စတစ် အကြည်အိတ် များဖြင့် ထုပ်ထားသော ဘိန်းဖြူမှုန့် အလေးချိန် (၇)ဂရမ်ခန့်ပါ (၁)ထုပ်၊ (၉)ဂရမ်ခန့်ပါ (၁)ထုပ်၊ (၁၀)ဂရမ်ခန့်ပါ(၁)ထုပ်၊ (၁၁)ဂရမ်ခန့်ပါ(၃)ထုပ်၊ (၁၂)ဂရမ်ခန့်ပါ(၂၄)ထုပ်၊ (၁၃)ဂရမ်ခန့်ပါ (၄၈)ထုပ်၊ (၁၄)ဂရမ်ခန့်ပါ(၂)ထုပ်၊ (၁၅)ဂရမ်ခန့်ပါ(၉)ထုပ်၊ (၁၆)ဂရမ်ခန့်ပါ (၂)ထုပ်၊ (၁၇)ဂရမ်ခန့်ပါ (၉)ထုပ်၊ စုစုပေါင်း ပလပ်စတစ်ဖြင့် ထုပ်ထားသော အထုပ်(၁၀၀)ထုပ် အတွင်းမှ စုစုပေါင်း ဘိန်းဖြူမှုန့်အလေးချိန်(၁.၃၁၉)ကီလိုဂရမ်ခန့် (ကာလန်ဖိုး ကျပ်သိန်း တစ်ထောင့် ငါးဆယ် ငါးသိန်းနှစ်သောင်းကျပ်)၊ မူးယစ်ဆေးဝါး ရောင်းချရငွေ ကျပ်နှစ်သိန်းတိတိ နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း(၂)လုံး တို့အား ရှာဖွေတွေ့ ရှိ သိမ်းဆည်း ရမိခဲ့သည်။

့ယခုအခါ ၄င်းတို့(၂)ဦးအား မြစ်ကြီးနား နယ်မြေရဲစခန်း မယ(ပ)၁၀၃/၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ  ၁၀-၈-၂၀၁၃ ရက်နေ့ ၀၂၃၀ အချိန် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း ရဲစခန်း တာဝန်ရှိသူများ ပြောပြချက်အရ သိရသည်။

by Myanmar News Now