Home » » မြဝတီ-မဲဆောက်တွင် မြန်မာနှင့်ထိုင်း ကုန်သွယ်မှုပမာဏနှိုင်းယှဉ်ချက် ကန်ဒေါ်လာသန်း ၁၀၀ဝကျော် ကွာနေ

မြဝတီ-မဲဆောက်တွင် မြန်မာနှင့်ထိုင်း ကုန်သွယ်မှုပမာဏနှိုင်းယှဉ်ချက် ကန်ဒေါ်လာသန်း ၁၀၀ဝကျော် ကွာနေ

Written By Unknown on Wednesday, August 28, 2013 | 12:35 PM

၂၀၁၂ ဧပြီ မှစ၍ ၂၀၁၃ မတ်အထိ မြဝတီ ကုန်သွယ်ရေးစခန်း၏ သွင်းကုန် ပမာဏနှင့် မဲဆောက်ဘက်မှတင် ပို့သည့် ပို့ကုန်ပမာဏနှိုင်းယှဉ်ချက် မှာ အမေရိကန်ဒေါ်လာ ၁၀၈၁ ဒသမ၆၉သန်း ကွာခြားနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ ကွာခြားချက်များ မှာ တရားမဝင်ကုန်သွယ်မှုများ ပြုလုပ်ခြင်းများကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ သစ်နှင့်သစ် တောထွက်ပစ္စည်းများ၊ ကျွဲ၊ နွား တိရစ္ဆာန်များ၊ သတ္တုနှင့်တွင်းထွက် ပစ္စည်းများ ပမာဏကြီးမားစွာ နယ်စပ်ဒေသတစ်လျှောက် တင် ပို့နေသောကြောင့်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စား သုံးသူကာကွယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းက ''တရားမဝင်ကုန် သွယ်မှုတွေကြောင့် နှစ်နိုင်ငံစာ ရင်းပြန်တိုက်တဲ့အချိန်မှာ ကွာခြား မှုတွေဖြစ်နေတာ။ အဲဒါကြောင့် စစ်ဆေးမှုတွေပြုလုပ်သွားမှာပါ'' ဟု ပြောသည်။

တရားမဝင်တင်ပို့နေမှုများ ကြောင့် အခွန်ဆုံးရှုံးမှုတွေဖြစ် ပြီး ဖြေလျှော့မှုတွေလုပ်ထားသော် လည်း ကုန်သွယ်မှုက မျှော်မှန်း ထားသလို မဖြစ်လာသောကြောင့် တရားဝင်ကုန်သွယ်မှုတွေဖြစ် အောင် စစ်ဆေးမှုတွေလုပ်ဆောင် သွားမည်ဟု ဆက်လက်ပြောသည်။

ထိုင်းဘက်သို့ ကုန်သွယ်မှု များပြုလုပ်သည့် နယ်စပ်ဂိတ်များ ဖြစ်သည့် တာချီလိတ်၊ ကော့ သောင်း၊ မြိတ်မြို့များတွင် တရား မဝင်ကုန်သွယ်မှုများ ဒေါ်လာဘီ လီယံနှင့်ချီ၍ ပြုလုပ်နိုင်ကြောင်း ယင်းက သုံးသပ်ပြောသည်။

မြဝတီကုန်သွယ်ရေးစခန်း မှတင်ပို့သောသွင်းကုန်မှာ ၁၈ရ ဒသမ၅၈၆ရှိပြီး တစ်ဖက်နိုင်ငံမှ ပို့ကုန်မှာ ၁၂၆၉ ဒသမ ၂၇၃ရှိ သောကြောင့် နှစ်နိုင်ငံကွာခြား ချက်မှာ ၁၀၈ ၁ဒသမ ၆၉ဖြစ် ကြောင်း သိရသည်။

သြဂုတ်(၂၈) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group