Home » » ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ အိုဘားမား မဆုံးဖြတ်ရသေး

ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ အိုဘားမား မဆုံးဖြတ်ရသေး

Written By Unknown on Friday, August 30, 2013 | 9:11 AM

ဆီးရီးယားပဋိပက္ခအတွင်း ​ဓာတုလက်နက်အသုံးမှုအပေါ်မှာ ​အမေရိကန်နိုင်ငံက ​စစ်ရေးအရ ​အရေးယူဖို့အတွက် ​ဆွေးနွေးနေဆဲဖြစ်ပြီး ​အခုချိန်ထိ ​သမ္မတ ​Barack ​Obama ​က ​ဆုံးဖြတ်ချက် ​မချရသေးဘူးလို့ ​သိရပါတယ်။

ဒါပေမယ့် ​သမ္မတ ​အိုဘားမားက ​ဆီးရီးယားနိုင်ငံပြည်တွင်းစစ်မှာ ​အမေရိကန်နိုင်ငံအနေနဲ့ ​တိုက်ရိုက် ​၀င်ရောက်စွက်ဖက်မှုလုပ်မယ် ​ဆိုရင်လည်း ​ဖြစ်နေတဲ့ ​ပဋိပက္ခအခြေအနေကို ​ဘာမှအထောက်အကူ ​ပြုနိုင်မှာမဟုတ်ဘူးလို့လည်း ​PBS ​NewsHour ​နဲ့ ​အင်တာဗျူးတခုမှာပြောသွားခဲ့ပါတယ်။

ဆီးရီးယား ​အရေးကိစ္စအပေါ်မှာ ​ဗြိတိန်အစိုးရရဲ့ ​တုံ့ပြန်တဲ့ပြင်းထန်တဲ့စကားလုံးတွေကို ​အမေရိကန်နိုင်ငံအနေနဲ့ ​အသိအမှတ်ပြုတယ်လို့ ​အိမ်ဖြူတော်ကပြော ​ပါတယ်။ ​ပြီးတော့ ​အမေရိကန်နိုင်ငံအနေနဲ့ ​ကိုယ်ပိုင်နိုင်ငံခြားရေးဆိုင်ရာမူဝါဒအပေါ် ​သီးသန့် ​ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ ​ဗြိတိန်အစိုးရရဲ့ ​မှတ်ချက်ပေးမှုကိုလည်း ​အမေရိကန်နိုင်ငံက ​အသိအမှတ်ပြုတယ်လို့ ​ဆိုပါတယ်။

တဆက်တည်းမှာပဲ ​ဆီးရီးယား ​အစိုးရကို ​တိုက်ခိုက်ဖို့အတွက် ​ကုလသမဂ္ဂကထောက်ခံမှုမပေး ​ပေမယ့်လည်း ​ဗြိတိန်အစိုးရအနေနဲ့ ​တရားဝင် ​၀င်ရောက်တိုက်ပိုင်ခွင့်ရှိတဲ့အကြောင်း ​ဥပဒေအကြံပေးအဖွဲ့က ​ဗြိတိန်အစိုးရကို ​အကြံပြုထားတယ်လို့ဆိုပါတယ်။

ဆီးရီးယားနိုင်ငံပြည်တွင်းစစ်အတွင်းမှာ ​အစိုးရက ​ဓာတုလက်နက်တွေအသုံးပြုတယ်ဆိုတဲ့ ​စွပ်စွဲ ​ချက်ကို ​ဆီးရီးယားအစိုးရက ​ငြင်းဆိုထားပေမယ့် ​အမေရိကန်ထောက်လှမ်းရေးကတော့ ​သူတို့အနေနဲ့ ​ရထားတဲ့ ​ဓာတုလက်နက်အသုံးပြုတယ်ဆိုတဲ့ ​အချက်အလက်တွေကို ​ထုတ်ဖော်သွားဖို့ရှိသလို ​ကုလသမဂ္ဂ ​လက်နက်ကျွမ်းကျင်ပညာရှင်အဖွဲ့ကလည်း ​သူတို့ရဲ့တွေ့ရှိချက်တချို့ကို ​ဓာတ်ခွဲခန်းမှာ ​စမ်းသပ်စစ်ဆေးမှုပြုလုပ်နေတယ်လို့ ​သိရပါတယ်။

ABC Radio Australia