Home » » ရှမ်းတိုင်းရင်းသားဒုက္ခသည် နေရပ်မပြန်လို

ရှမ်းတိုင်းရင်းသားဒုက္ခသည် နေရပ်မပြန်လို

Written By Unknown on Saturday, August 10, 2013 | 10:55 AM

ထိုင်းနိုင်ငံ မြောက်ပိုင်း ဝိန်ဟင်း မြို့နယ် ဒုက္ခသည် စခန်းက ရှမ်း တိုင်းရင်းသား ဒုက္ခသည်တွေ ကို မြန်မာ အာဏာပိုင် တွေက မြန်မာ နိုင်ငံဘက်ကို ပြန်ပို့ဖို့ ပြင်ဆင်နေ တဲ့ လက္ခဏာတွေ ရှိနေတဲ့ အတွက် ရှမ်း လူမှု အဖွဲ့ အစည်းတွေက စိုးရိမ် နေပါတယ်။

မြန်မာနိုင်ငံ ဘက် ပြန်ပို့ မယ့် အနေအထား က အခု တကြိမ် နဲ့ ဆိုရင် နှစ်ကြိမ် ရှိ တဲ့ အကြောင်း၊ ၂၀၁၂ က တခေါက် မြန်မာ အာဏာပိုင်တွေ လာရောက် ကွင်းဆင်း လေ့လာတဲ့ အကြောင်း၊ SWAN ရှမ်း အမျိုး သမီးများ လှုပ်ရှားဆောင်ရွက်ရေး အဖွဲ့ကလည်း ဒီဒေသ ဘက်မှာ ကွင်းဆင်းလေ့လာ တာကို SWAN အဖွဲ့ ပြောခွင့်ရသူ ယိင်းဟာန်ဖ က ဘီဘီစီ ကို ပြောပါတယ်။

ဒုက္ခသည်တွေ မပြန်လိုတဲ့ အကြောင်းရင်း ကလည်း၊ သူတို့ နေရပ်ရင်းဟာ အစိုးရ တပ်နဲ့ ရှမ်းတပ်မတော် SSA/RCSS တို့ ရဲ့ စစ်မြေပြင် ဖြစ်ခဲ့ဖူး တဲ့ အတွက် မြေမြုပ်မိုင်း တွေ ရှိနေလို့ နေထိုင်၊ လုပ်ကိုင် စားသောက်ဖို့ လွယ်ကူမယ် မထင်တဲ့ အကြောင်း၊ နှစ်ဖက် လက်နက်ကိုင် တပ်တွေ ဟာ အပစ်အခတ် ရပ်ဆဲရေး လက်မှတ် ထိုးတာ ၂ နှစ် ရှိပြီးတဲ့ တိုင်အောင်၊ တိုက်ပွဲ တွေ ရှိနေဆဲ မို့၊ မအေးချမ်းတဲ့ နယ်မြေ ကို ပြန်ဖို့ စိုးရိမ်နေတယ် လို့ ဒုက္ခသည် တွေ က ပြောတဲ့ အကြောင်း ယိင်းဟာန်ဖ က ဘီဘီစီ ကို ပြောပါတယ်။

ဝ နဲ့ မြန်မာ စစ်တပ် အခြေအနေ က လည်း တင်းမာဆဲ ရှိနေလို့ ရှမ်းတပ်မတော် SSA/RCSS တာဝန်ခံ တွေ ကလည်း ဒုက္ခသည် တွေ မပြန်လိုရင်၊ ထိုင်းနိုင်ငံ ဘက်မှာ ပဲ ခိုလှုံနေဖို့ ဆိုပုံ ကို ယိင်းဟာန်ဖ က ဘီဘီစီ ကို ရှင်းပြ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)