ယနေ့ ၉ . ၈ .၂၀၁၃ တွင် ရခိုင်ပြည်နယ် သံတွဲမြို့ နယ်တရားရုံးတွင် အံတော်မြို့သစ် မီးလောင်မှုအား ရုံးထုတ်ရာ မည်သည့် စစ်ဆေးမှုမှ မပြုလုပ်ဘဲ (၂၁.၈.၂၀၁၃)နေ့သို့ ပြန်ချိန်းသည့် အတွက် ရောက်ရှိလာသော ရာနှစ်ချီတဲ့ လူထုပရိသတ်က မကျေနပ်သည့် အတွက် အနည်းငယ်မငြိမ်မသက် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
တရားရုံး ရှေ့ မှာ သံတွဲမြို့ ခံ လူအုပ်ကြီးက မတရားဖမ်းဆီး ခံရတဲ့ သံတွဲမြို့သူမြို့သားများကို ခု ချက်ခြင်းလွှတ်ပေးဟု တောင်းဆိုနေ ကြပါတာကြောင့် ရဲတပ်ဖွဲ့မှ ဝိုင်းဝန်း ထိမ်းသိမ်းလိုက်ကြ သဖြင့် ယခု အခါ အေးဆေးသွားပြီဟု ဆိုသည်။
ဖြစ်စဉ်အစမှာ ၃၀.၆.၂၀၀၃ နေ့က တောင်ကုတ်မြို့မှ မစုစုမွန်ကို မွတ်ဆလင်နှစ်ယောက်မှ အဓမ္မမုဒိန်းကျင့်တာနဲ့ပတ်သက်ပြီးနောက် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ ရာမှာ ၎င်း အကြမ်း ဖက်မှုတွင် ပါဝင်သည်ဟု ထင်ကြေးဖြင့် စွတ်စွဲ ပြီး ဖမ်းဆီး ခံထားရသော သံတွဲသား ၆ ယောက်အား ရုံးတင်စစ်ဆေးခဲ့ ရာမှ မငြိမ်မသက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း သံတွဲမြို့ ခံများက Myanmar News Now ကို ပြောပြပါသည်။