Home » » အင်္ဂါနှစ်ခုပါ မောင်စိန်မြင့် လိင်ပြောင်းပြီးပါက ကျောင်းပြန်တက်မည်

အင်္ဂါနှစ်ခုပါ မောင်စိန်မြင့် လိင်ပြောင်းပြီးပါက ကျောင်းပြန်တက်မည်

Written By Unknown on Sunday, August 25, 2013 | 12:57 PM

ကျား/မ အင်္ဂါနှစ်မျိုးပါ မောင်စိန်မြင့် ထိုင်း နိုင်ငံ PAYATHAI ဆေးရုံ၌ ကျားအင်္ဂါသို့ အပြီးပြောင်းပြီးပါ က တက္ကသိုလ်ဝင်တန်း ဆက်တက် မည်ဖြစ်ကြောင်း သိရသည်။

ကျား/မအင်္ဂါနှစ်မျိုးပါ မောင်စိန်မြင့်သည် အသက် ၁၈ နှစ်ရှိပြီဖြစ်ကာ မိုင်းလုံတပ်နယ် ပန်စံကျေးရွာ၌ မွေးဖွားခဲ့ပြီး အထက(၁)ကျောက်မဲ၌ တက္က သိုလ်ဝင်တန်းအထိ ပညာသင် ကြားခဲ့ကြောင်း၊ ကျန်းမာရေး အခြေအနေအရ ပညာသင်ကြား ခြင်းကို ခေတ္တရပ်နားခဲ့ရသော် လည်း ထိုင်းနိုင်ငံတွင် ခွဲစိတ်ကုသ မှုခံယူပြီးပါက ကျောင်းပြန်တက် မည်ဖြစ်ကြောင်း သိရသည်။

''ပြန်လာရင်တော့ တက္က သိုလ်ဝင်တန်းကို ပြန်တက်မယ်။ ကျွန်တော်က ကျန်းမာရေး မ ကောင်းတော့ ကျောင်းနားထားရ တယ်။ အမေကတော့ ပြန်လာ ရင် ရှင်ပြုပေးမယ်လို့ ပြောတာပဲ။ အခုလောလောဆယ် ကျွန်တော် ကျန်းမာရေးကောင်းပါတယ်။ကျွန်တော့်ကို ကူညီပေးတဲ့သူတွေ ကိုလဲ ကျေးဇူးတင်ပါတယ်''ဟု မောင်စိန်မြင့်က ပြောသည်။

မောင်စိန်မြင့်သည် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး ဆီးနှင့် ကျောက်ကပ်ဌာနတွင် ခြောက်ကြိမ်ခန့် ခွဲစိတ်ကုသမှုများ ပြုလုပ်ကာ ယောက်ျားအင်္ဂါအဖြစ် ပြောင်းလဲလိုက်ပြီဖြစ်သော်လည်း ဆီးလမ်းကြောင်းယိုစိမ့်မှုပြဿနာ ကြောင့် ထိုင်းနိုင်ငံဆေးရုံတွင် ယင်း ကဲ့သို့ ကုသမှုခံယူရခြင်းဖြစ် ကြောင်း သိရသည်။

''မန္တလေးမှာ ဆေးကုတဲ့ အခါ နေရေးထိုင်ရေး၊ သွားရေး လာရေးအခက်အခဲတွေရှိတယ်။ ကူညီပေးပါဆိုပြီး အဖြူရောင် နှလုံးသား ပရဟိတအဖွဲ့က ဆက် သွယ်လာတဲ့အခါမှာ အသင်းသူ၊ အသင်းသားတွေက လိုအပ်တာ တွေနဲ့ ဆေးဖိုးဝါးခတွေကို ကူညီ ပေးခဲ့တာပါ''ဟု ကျောက်မဲသူ၊ ကျောက်မဲသားများအသင်းမှ အတွင်းရေးမှူး ဦးစိုင်းကျော်က ပြောသည်။

သြဂုတ် ၂၃ ၊ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

Yangon Media Group