Home » » ၀မ်းတွင်းမြို.နယ်မှ လယ်ယာမြေဧက ၄၀၀၀ခန့် စိုက်ပျိုး ရေ မရလို့ အခက်တွေ့ နေ

ဝမ်းတွင်းမြို.နယ်မှ လယ်ယာမြေဧက ၄၀၀၀ခန့် စိုက်ပျိုး ရေ မရလို့ အခက်တွေ့ နေ

Written By Unknown on Wednesday, August 21, 2013 | 7:57 PM

မန္တလေးတိုင်း ဒေသကြီး ၀မ်းတွင်းမြို့ နယ်မှာ လယ်ယာမြေဧက ၄၀၀၀ ခန့် စိုက်ပျိုးရေ မရလို့ အခက်တွေ့ နေရကြောင်း သိရပါတယ်။  ၀မ်းတွင်းမြို့ ဟာ မိုးခေါင်ရေရှား ဒေသ ဖြစ်တာကြောင့် စိုက်ပျိုးရေ ရရန် ဆည်ကြီးများကို အမှီပြုနေရတာ ဖြစ်ပါတယ်။

တောင်ပုလုဆည်၊ သပြေရိုးဆည်တို့ မှ ရေများကို ရယူပြီး စိုက်ပျိုးနေရသည့် ၀မ်းတွင်းမြို့ နယ် ပြည်တော်သာရွာ၊ ကျောင်းကုန်းရွာ၊ ခံဘဲ့ရွာ၊ အင်းယင်းရွာတို့ မှ လယ်မြေဧက ၄၀၀၀ခန့် မှာ ပျိုးထောင်ရန် စိုက်ပျိုးရေ လုံးဝမရှိသည့် အတွက် စိုက်ပျိုးရေ အရေးတကြီး လိုအပ်နေကြောင်း ပြည်တော်သာရွာမှ တောင်သူ လယ်သမားတစ်ဦး ဖြစ်သည့် ဦးသောင်းနိုင်မှ ပြောပြပါတယ်။

ရက်ပိုင်းအတွင်း ရေရမှ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ ဒီလကုန်မှ ရေရမည်ဆိုလျှင်တောင် ၊ အဲဒီဧက ၄၀၀၀ကျော်မှ နစ်နာဆုံးရှုံး မှုတွေများစွာ ရှိမည်ဖြစ်ကြောင်း ထိုကျေးရွာများမှ လယ်သမားများက ပြောဆိုကြပါတယ်။

လယ်သမားများဟာ ရေရရန်အတွက် အာဏာပိုင်များကို အကြိမ်ကြိမ်သွားရောက် တောင်းဆိုခဲ့ကြတယ်။ တောင်းဆိုမှုကြောင့် ၀မ်းတွင်းမြို့ နယ် အထွေထွေ အုပ်ချုပ်ရေးမှုးမှ ဆည်မြောင်းဌာနမှ SAE ဦးကိုကိုလတ်ကို ခေါ်ယူကာ အဆိုပါ ကျေးရွာများ ရေရရှိဖို့  ဆောင်ရွက်ပေး ရန်ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

SAE ဦးကိုကိုလတ်မှ လုပ်ပေးပါမည်ဟု စကားကတိ ပေးသော်လည်း အမှန်တကယ်တွင်မူ ဆောင်ရွက်ပေးခြင်း မရှိခြင်းကြောင့် ဒုက္ခရောက်နေရကြောင်း အဆိုပါ ကျေးရွာများမှ တောင်သူလယ်သမားက ပြောပါတယ်။

အထွေထွေ အုပ်ချုပ်ရေးမှုးရှေ့ မှောက်တွင် ထိုကျေးရွာများ ရေရရန်လုပ်ပေး ပါမည်ဟု ပြောခဲ့သော SAEအား လယ်သမားများက ရေရရှိရေး ဆောင်ရွက်ပေး ပါရန်ပြောဆိုသော အခါ မိမိ၏ တာဝန်မှာ ဆည်၏အောက်မှ ကျေးရွာများမှ ရေရရန် အတွက်သာ အထက်က ညွှန်ကြားထားကြောင်း ဆည်အနီးအနားရွာများမှာ မိမိ၏ တာဝန်မရှိကြောင်း ပြန်လည် ပြောဆိုခဲ့ခြင်းကြောင့် လယ်သမားများမှာ ယခုအခါ ၄င်းတို့ ၏ လယ်ယာမြေများတွင် ပျိုးထောင်ရန် ရေမရရှိခြင်းကြောင့် များစွာ ဒုက္ခရောက်နေရကြောင်း သိရပါတယ်။

အကယ်၍ အချိန်မီရေမရပါက လယ်ယာမြေဧက၄၀၀၀ကျော်ခန်.မှာ ပျက်စီးဆုံးရှုံး မည်ဖြစ်ကြောင်း လယ်သမားများက ပြောဆိုပါတယ်။

by Myanmar News Now