Home » » ကျပ်သိန်း ၁၀၀၀ တန် ရေသန့်စင်စက်ကို ကားတိုက်ပျက်စီး

ကျပ်သိန်း ၁၀၀၀ တန် ရေသန့်စင်စက်ကို ကားတိုက်ပျက်စီး

Written By Unknown on Thursday, August 15, 2013 | 8:33 PM

ရန်ကုန်၊ သြဂုတ် ၁၅

၁၃.၈.၂၀၁၃ ရက်နေ့ ၂၀၅၈ အချိန်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွှန့် မြို့နယ်၊ ကရ၀ိတ်နန်းတော် ၀င်ပေါက်အနီးရှိ ဂျပန်နိုင်ငံမှ လှူဒါန်းထားသော ရေသန့်စင်စက်အား ၁ဃ/---- ဟာရီယာနံ့သာရောင် ယာဉ်မှ နောက်ဆုတ်စဉ် အရှိန်မထိန်းနိုင်ဘဲ တိုက်မိပြီး မောင်းနှင်ထွက်ပြေး သွားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုအား ကရ၀ိတ်ဥယျာဉ်ကမ္ဘာ လုံခြုံရေး ၀န်ထမ်းဦးဝင်းနိုင်ထွန်း၏ အကြောင်းကြားချက်အရ ၁၄.၈.၂၀၁၃ ရက်နေ့ ၀၈၀၀အချိန်တွင် ဒေါ်ခင်အေးမြင့်၊ ရေသန့်ဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သွားရောက်ကြည့်ရှု စစ်ဆေးရာ ကာလတန်ဘိုး ငွေကျပ်သိန်း (၁၀၀၀)ခန့်ရှိ ရေသန့်စင်စက်မှာ ပျက်စီး သွားကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ယာဉ်မောင်းသူအပေါ် စုံစမ်းအရေး ယူပေးပါရန် တိုင်တန်းခဲ့သဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၅၇၂/၂၀၁၃၊ ပြည်သူပိုင် ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) ဖြင့် လည်းကောင်း၊ ယာဉ်အား မဆင်မခြင် မောင်းနှင်၍ ရေသန့်စင်စက် အား တိုက်မိခဲ့သဖြင့် ယာဉ်(ပ) ၃၃/၂၀၁၃၊ ပုဒ်မ ၂၇၉ /၂၀၂ ဖြင့် လည်းကောင်း အရေးယူ စုံစမ်းဆာင်ရွက်လျက်ရှိ ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်း ထုတ်ပြန်ချက် အရသိရသည်။

by Myanmar News Now