Home » » ထန်းကုန်းမှာ စိုးရိမ်မှုတော့ ရှိနေဆဲ

ထန်းကုန်းမှာ စိုးရိမ်မှုတော့ ရှိနေဆဲ

Written By Unknown on Tuesday, August 27, 2013 | 6:16 AM

ဩဂုတ်လ ၂၄ ရက် နေ့ ညပိုင်းက နေ အိမ် ပေါင်း ၄၀ ကျော် မီးလောင် ပျက်စီးခဲ့ ရတဲ့ ထန်းကုန်း မှာ အခြေအနေတွေ တည်ငြိမ် လာပြီ ဖြစ်ပါတယ်။

ရဲ တပ်ရင်း ၁၆ က လုံခြုံရေး တွေ တင်းတင်း ကြပ်ကြပ် ချထား ပြီး တော့ ဘေးပတ် ဝန်းကျင်က ရွာထဲ ကို ဝင်လာနိုင်တဲ့ လမ်း တွေ မှာ လည်း နေရာ ယူ ထား တယ် လို့ သိရပါ တယ်။

ဒီနေ့ မှာလည်း ဈေးဆိုင်တခိျု့ဟာ စောစောသိမ်း ကြတာ ရှိ ပြီး အခြေအနေ တည်ငြိမ် နေပေမဲ့ ဒေသခံတွေ အကြားမှာ စိုးရိမ် မှုတွေ ရှိနေကြတယ် လို့ ထန်းကုန်း ဒေ သ ခံ တွေ ဆီက သိရ ပါတယ်။

မီးလောင် ခံ ရတဲ့ အိမ်တွေ က ဒုက္ခ သည် တွေ ဟာတော့ အစ္စလာမ်စာသင် ကျောင်း မှာခို လှုံ နေကြပါတယ်။ သူတို့ကိုတော့ ရဲ တပ်ဖွဲ့ ဝင်တွေ ကစောင့်ရှောက် ထား ကြ ပါတယ်။

ထန်းကုန်းမှာ လူ ဦးရေ ၅ ထောင် ကျော် လောက်ရှိပြီး တော့ အဲဒီမှာ နေတဲ့ လူဦး ရေ ၃ ပုံတစ် ပုံ ဟာ အစ္စလာမ် ဘာသာဝင် တွေ ဖြစ် ကြ ပါတယ်။ ထန်းကုန်း ဒေသခံ အစ္စလမ် ဘာသာဝင် တဦး ကတော့ သူတို့ ရဲ့ ဆိုင်တွေကို အဲဒီည က မီးရှို့ ဖျက်ဆီးခံ ရတဲ့ အပြင် တစ်ခိျု့ ပစ္စည်း တွေပါ လုယူ ခံခဲ့ရတယ် လို့ ခံစား ရတဲ့အကြောင်း ဘီဘီစီ ကိုပြောပါတယ်။

ထန်းကုန်းမှာ အရင် ကတော့ ဒီလို ပြသနာ တွေမရှိခဲ့ဘဲ ဟိုအရင် ကတည်းက အစ္စလာမ် နဲ့ ဗုဒ္ဒ ဘာသာဝင် တွေဟာ အိမ် ချင်းကပ် ပြီး သူတစ်အိမ် ကိုယ်တစ်အိမ် နေလာ ခဲ့ ကြ တာ ဖြစ်ပါတယ်။

ဒီလိုဖျက်ဆီး ခံခဲ့ ရတဲ့ အပေါ် မှာ အတူနေတဲ့ ဗုဒ္ဒ ဘာ သာ ဝင် တွေ ရဲ့အ မြင်ကို ထန်းကုန်း ဒေသခံ ဦး မောင်တာ က ပြောပြ ရာမှာတော့ နှစ်ပေါင်းများစွာ အတူ တရွာထဲ နေထိုင်ခဲ့ ကြတာ ဖြစ်ကြောင်း၊ ဒီလို အဖြစ်မျိုး တွေကို ဘယ်ဘာသာဝင် ပဲ ဖြစ်ဖြစ် မကြုံတွေစေချင် တဲ့အကြောင်း ပြောခဲ့ပါတယ်။

ဩဂုတ် လ ၂၄ရက် နေ့ မီးရှို့ မှုမှာ ပါတဲ့ လူ ၁၂ ယောက် လောက် ကို ဖမ်း ထား တယ် လို့လည်း သတင်းတွေ ရ ပြီး တော့ လတ်တလော မှာ လုံခြုံရေး အင်အား အပြည့် ရှိပြီး တိုင်း ခရိုင် အာဏာပိုင် အဖွဲ့အစည်း က တာဝန်ရှိသူ တွေဟာ ထန်းကုန်းမှာ ရှိနေတာ ကြောင့် အခြေအနေ တွေဟာငြိမ်သွား ပြီ လို့ ပြော နိုင် ပါတယ်။

ဒါပေမဲ့ အနီးအနား ရွာတွေ က ထန်းကုန်း မှာ နေတဲ့ အစ္စလာမ် ဘာသာ ဝင် တွေရဲ့ အိမ်တွေ ကို ထပ်ပြီး မီးရှို့ဦးမယ် ဆိုတဲ့ သတင်း တွေကြောင့် ထန်းကုန်း က အစ္စလာမ် ဘာသာ ဝင် တွေအကြား စိုးရိမ် မှုတွေ ရှိနေစဲ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)