Home » » ကော့သောင်း၊ နယ်စပ်လူဝင်မှု စစ်ဆေးရေး ရေလယ်ရုံး အဆောက်အဦးပြိုကျ

ကော့သောင်း၊ နယ်စပ်လူဝင်မှု စစ်ဆေးရေး ရေလယ်ရုံး အဆောက်အဦးပြိုကျ

Written By Unknown on Thursday, August 22, 2013 | 1:53 PM

တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ် လူဝင်မှု စစ်ဆေးရေး ရေလယ် ရုံးအဆောက်အဦး သြဂုတ် ၂၁ ရက်နေ့ မွန်းလွဲ(၁း၃၀)နာရီ ကပြိုကျမှုဖြစ်ပွါး ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ နယ်စပ်ဖြတ်သန်းမှု စစ်ဆေးရေးရုံး အဆောက်အဦသည် ကော့သောင်း-ရနောင်း လူဝင်မှုစစ်ဆေးရေးနှင့် အကောက်အခွန်၊ ဆိုင်ရာလုပ်ငန်းများ စစ်ဆေးရာ တာဝန်ရှိသည့် ဌာနဆိုင်ရာ အဖွဲ့ စုံ လုပ်ငန်း ဆောင်ရွက်နေသည့် အဆောက်အဦး ဖြစ်ပါတယ်။ 

ပင်လယ်ဒီရေ အတက်အကျ ရှိသည့် မြို့အရှေ့ရှိ မွေတော်ကျွန်း ကမ်းစပ်တွင် သစ်သားဖြင့် တည်ဆောက်ထားရာ အဆောက်အဦး ကြံ့ခိုင်မှု ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်နေဆဲ ကာလ အတွင်း လက်ကျာင်္ဖက်အပိုင်းမှ ပြိုကျ ခဲ့ခြင်းဖြစ်သည်။

“ကော့သောင်းပဲ့ချိတ်မောင်းသူ တစ်ဦးဖြစ်သည့် ကိုသားကြီး က ဒီရုံးတော့ မကြာခင် ပြိုကျလိမ်မယ် ကြည့်နေ ဆိုပြီး လွန်ခဲ့သည့် လ ကပြောသည်”

 ဖြစ်ပွားချိန် က နေ့လည်ဖက် အသွားအလာ ကျဲ နေချိန်ဖြစ်လို့ ၀န်ထမ်းနှင့် ခရီးသွားများ အန္တရယ်မဖြစ် လို့ တော်သေးတာပေါ့ရှင် လို့ ရနောင်း ကပြန်လာတဲ့ ဈေးသည် အဒေါ်ကြီး တစ်ဦး ကလည်း ပြောပြပါသည်။

ကော့သောင်း သတင်းသမား

by Myanmar News Now