Home » » အုပ်ချုပ်ရေးမှူးများ ပြည်သူကို ဗဟိုမပြုဘဲ အထက်လူကြီးများကို ဗဟိုပြုနေ

အုပ်ချုပ်ရေးမှူးများ ပြည်သူကို ဗဟိုမပြုဘဲ အထက်လူကြီးများကို ဗဟိုပြုနေ

Written By Unknown on Tuesday, August 13, 2013 | 4:41 PM

နေပြည်တော်  ၊ သြဂုတ် -၁၂ ။     ။ အ ဆင့်ဆင့်သော အုပ်ချုပ်ရေးမှူး များသည် ဝန်ထမ်းများဖြစ်ကြ၍ ပြည်သူလူထုကို ဗဟိုမပြုဘဲ အ ထက်လူကြီးများကိုသာ ဗဟိုပြု နေကြောင်း တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယနေ့ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက် အစီအစဉ်တွင်ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေးကော်မတီမှ တင် သွင်း သော အစီရင်ခံစာကို ကော် မတီဥက္ကဌကိုယ်စား အတွင်းရေး မှူးဦးဝင်းမြင့်က ဖတ်ကြားခဲ့သည်။

ယင်းအစီရင်ခံစာ၏ သုံး သပ်ချက်များထဲတွင် တရားဥပဒေ စိုးမိုးရေးသည် တရားစီရင်ရေး ကဏ္ဍတစ်ခုတည်းနှင့်သာ သက် ဆိုင်သည်မဟုတ်၊ အာဏာပိုင်အ ဖွဲ့အစည်းများ၊ တရားစွဲအဖွဲ့အ စည်းများနှင့်လည်း သက်ဆိုင်ပါ ကြောင်း၊ အာဏာပိုင် များ၏ဖိ အားပေးမှုများ၊ ဝင်ရောက်စွက် ဖက်မှုများလည်းရှိနေပါကြောင်း၊ တရားဥပဒေစိုးမိုးရေးသည် တိုင်း ပြည်အတွက် အဓိကကျသည့်အ ပြင် ဒီမိုကရေစီအရေး၊ လူ့အခွင့် အရေးတို့နှင့်လည်း ချိတ်ဆက်လျက် ရှိပြီး တိုင်းပြည် တည် ငြိမ် အေးချမ်း ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် လည်း တိုက်ရိုက်သက်ဆိုင်ကြောင်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးကဏ္ဍအသီးသီးမှ တာ ဝန်ရှိပုဂ်ဂိုလ်များက အဓိကဝိုင်း ဝန်းကြိုးပမ်း အကောင်အထည် ဖော်ကြရန် လိုအပ်ပါ ကြောင်း၊ အ ထူးသဖြင့် အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးပိုင်းက ပူးပေါင်းဆောင် ရွက်ခြင်းမရှိပါက တရားဥပဒေစိုး မိုးရေးလုပ်ငန်းသည် မအောင်မြင် နိုင်ပါကြောင်းပြောကြားခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ကြီးက ''ကော်မတီ က တင်ပြတာတွေအားလုံး အမှန် တွေပါပဲ။ အခုတော့ အုပ်ချုပ် ရေးပိုင်းက တရားစီရင်ရေးတွေ မှာ ဝင်ရောက်စွက်ဖက်တာနည်း သွားပြီဆိုတာ သိရတယ်။ ပြင်ပ မှာ သတင်းတွေ ရေးသား တိုင်း အလျင်စလို ဆုံးဖြတ်ပြီး ထောင် ချပစ်တာမျိုးတွေကိုလဲ တရားသူ ကြီးအနေနဲ့ မလုပ်သင့်ဘူး။ အမှု မှန်ပေါ်ရေး မှန်မှန်ကန်ကန်လုပ် ရင် တရားစီရင်ရေးက ပိုမိုပီပြင် လာမှာပါ''ဟုပြောသည်။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ သို့ ယနေ့အထိ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ရောက်ရှိလာသော တိုင်ကြားစာ၊ အသနားခံစာတင် ပြချက်ပေါင်း ၁၁၂၅၉ စောင် ကျော်ရှိပြီး တရားစီရင်ရေးနှင့်စပ် လျဉ်းပြီး ၃၈၀၀၊ အုပ်ချုပ်ရေး နှင့် စပ်လျဉ်းပြီး ၃၆၀၀၊ လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့် စပ်လျဉ်းပြီး ၃၄၆၆၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ လူမှုရေးတို့နှင့် စပ်လျဉ်း ပြီး ၃၉၃ စောင်ရှိကြောင်း၊ ယင်း ကိစ္စများနှင့်ပတ်သက်ပြီး ပြည် ထောင်စု အဖွဲ့အစည်း များ သက် ဆိုင်ရာကော်မရှင်များနှင့် ညှိနှိုင်း ဆောင်ရွက်မှုများပြုလုပ်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

မောင်ပိုင်

Yangon Media Group