Home » » ရခိုင်တွင် ကျေးရွာ ၁၇၀ နီးပါးကို ပယ်ဖျက်ပြီး ၁၁၁ ရွာကို တိုးချဲ့ဖွဲ့စည်း

ရခိုင်တွင် ကျေးရွာ ၁၇၀ နီးပါးကို ပယ်ဖျက်ပြီး ၁၁၁ ရွာကို တိုးချဲ့ဖွဲ့စည်း

Written By Unknown on Friday, August 16, 2013 | 5:09 PM

ပြီးခဲ့တဲ့နှစ်က ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့  ရခိုင်ပြည်နယ်အတွင်းက ကျေးရွာပေါင်း ၁၇၀ နီးပါးကို ပယ်ဖျက်လိုက်ပြီး ကျေးရွာပေါင်း  ၁၁၁ ရွာကို ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြည်နယ်အစိုးရက  တင်ပြသွားတာဖြစ်ပြီး   ခုလို ပယ်ဖျက်တာနဲ့ အသစ်တိုးချဲ့တာတွေ ပြုလုပ် လိုက်တဲ့ ကျေးရွာတွေကတော့ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်းမြို့နယ်တွေထဲက ကျေးရွာတွေဖြစ်ပါတယ်။

ပယ်ဖျက်လိုက်တဲ့ ကျေးရွာနာမည်တွေနဲ့ ဘာကြောင့် ခုလိုလုပ်ဆောင်ရတာလဲဆိုတာ အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ  မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းကတော့ ပယ်ဖျက်လိုက်တဲ့ ကျေးရွာတွေဟာ အမည်သာရှိပြီး လူမရှိတဲ့ ရွာတွေဖြစ်ကြောင်း အရင်အစိုးရလက်ထက်ကတည်းက ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ခုချိန်မှ လုပ်ဆောင်တာဖြစ်ကြောင်း ပြောပါတယ်။

 by ဒီဗွီဘီ