Home » » ကုလကိုယ်စားလှယ်ကို စစ်တွေတွင် ကန့်ကွက်ဆန္ဒပြ

ကုလကိုယ်စားလှယ်ကို စစ်တွေတွင် ကန့်ကွက်ဆန္ဒပြ

Written By Unknown on Monday, August 12, 2013 | 4:33 PM

မြန်မာနိုင်ငံ ရောက်ရှိနေတဲ့  ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေးကင်တားနာကို   ရခိုင်ပြည်နယ် စစ်တွေလေဆိပ်မှာ ရခိုင်တိုင်းရင်းသားတွေက ဆန္ဒပြခဲ့ကြပါတယ်။

မစ္စတာ ကင်တားနားဟာ  ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ကို ဒီနေ့ သွားရောက်ပြီး ပဋိပက္ခဘေး ဒုက္ခသည်တွေရဲ့ အခြေအနေကို သွားရောက်လေ့လာတာ ဖြစ်ပါတယ်။

ဒေသခံ ရခိုင်တိုင်းရင်းသားတချို့က မစ္စတာကင်တားနား စစ်တွေလေဆိပ်ကို ရောက်လာစဉ်မှာ  ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူ ဆယ်ဂဏန်းလောက်ရှိပြီ တစုံတရာ အော်ဟစ်ခြင်းမပြုဘဲ ဗီနိုင်းစတွေပေါ်မှာ ကင်တားနား အလိုမရှိဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဆန္ဒပြကြတာလို့ ရခိုင်ပြည်နယ် ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောပါတယ်။

မစ္စတာကင်တားနားဟာ  ဩဂုတ် ၁၁ ရက်ကနေ ၂၁ ရက်နေ့ အထိ ၁၁ ရက်ကြာမြန်မာနိုင်ငံ  ခရီးစဉ်အတွင်း   ရခိုင်၊ ကချင်၊ ရှမ်း၊ ချင်းပြည်နယ်နဲ့  မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့တွေကို သွားရောက်ပြီး လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံးက ထုတ်ပြန်ထားပါတယ်။

ခရီးစဉ်အဆုံး မစ္စတာ ကင်တားနားက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ဆောင်မှာ ဖြစ်သလို အစီရင်ခံစာကိုလည်း အောက်တိုဘာလမှာ ကျင်းပမယ့် ကုလသဂ္ဂအထွေထွေ ညီလာခံကို တင်သွင်းမှာ ဖြစ်ပါတယ်။

by ဒီဗွီဘီ