Home » » ခြောက်လအတွင်း ပြည်ပဧည့်ခုနစ်သိန်းအထိ ဝင်ရောက်လာ

ခြောက်လအတွင်း ပြည်ပဧည့်ခုနစ်သိန်းအထိ ဝင်ရောက်လာ

Written By Unknown on Monday, August 5, 2013 | 4:24 PM

ယခု၂၀၁၃ ဘဏ္ဍာနှစ် ဇွန်လအထိ မြန်မာ နိုင်ငံအတွင်း ဝင်ရောက်လာသည့် နိုင်ငံခြားသားခရီးသည်ဦးရေ ခုနစ် သိန်းအထိ ရှိနေပြီဖြစ်ကြောင်း ဟိုတယ်ဝန်ကြီးဌာန ဒုတိယဝန် ကြီးဒေါက်တာတင်ရွှေက ဩဂုတ် ၃ ရက်တွင်ပြုလုပ်သော ရန်ကုန် ဟိုတယ်ဇုန်အလုပ်အမှုဆောင် ရွေးပွဲ၏ အဖွင့်မိန်ခွန်းတွင် ပြောဆို သွားသည်။

ယခုလာမည့် သုံးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားခရီးသွား ဦးရေမှာ လျာထားချက် ၁ ဒသမ ၈သန်းထက် များစွာပိုမိုနိုင်မည် ဟုခန့်မှန်းသည့်အတွက် ပြည်တွင်း ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့နှင့်ထိတွေ့ဆက်ဆံရသည့် ဧည့်သည်များအား ဝန်ဆောင်မှု ပေးရာတွင် ပိုမိုဂရုတစိုက်ဖြည့် ဆည်းပေးရန် လိုအပ်လာပြီဟု ဒုတိယဝန်ကြီးကထည့်သွင်းပြော ဆိုသွားသည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေး ဒုတိယဝန်ကြီးဒေါက်တာတင် ရွှေက ''ဒီနှစ်မှာ ဝန်ကြီးဌာနက လျာ ထားတာက ၁ ဒသမ ၈သန်းဆိုပေ မယ့် သမ္မတကြီးက နှစ်သန်းအထိ ကို မျှော်မှန်းထားတယ်။ ဒါကို ဟို တယ်လုပ်ငန်းရှင်တွေကလဲ ဂရုပြု ဖို့လိုတယ်။ အခုချိန်မှာ ဝင်လာ တာကလဲ နိုင်ငံတကာဆိုတဲ့အ တွက် ကိုယ်လုပ်ငန်းသမားတွေရဲ့ ဝန်ဆောင်မှုအားနည်းလို့၊ အခန်း မလောက်လို့ဆိုပြီး ဧည့်သည်တွေ မြင်သွားရင် နိုင်ငံရဲ့ဟိုတယ်နဲ့ခရီး သွားလာရေးကို အများကြီးထိ ခိုက်သွားနိုင်တယ်''ဟုဆိုသည်။

ဒုတိယဝန်ကြီးက ဆက်လက် ပြောဆိုရာတွင် နိုင်ငံတွင်းဝင်ရောက် လာသည့် ခရီးသွားဦးရေမှာလည်း ၂၀၁၁ ခုနှစ်မှစတင်ကာ တိုးတက် လာသည့်အပြင် လာမည့်ဒီဇင်ဘာ တွင်လည်း အရှေ့တောင်အာရှ အားကစားပွဲကာလတွင်လည်း နိုင်ငံခြားသားများ စုပြုံရောက်ရှိ လာနိုင်သည့်အတွက် နေပြည်တော် တွင် ဟိုတယ်သစ်များမှာလည်း ပြီးစီးနေပြီး ရန်ကုန်ဟိုတယ်လုပ် ငန်းရှင်များမှလည်း ပြင်ဆင်ထား သင့်ပြီဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံ ခြားသား ခရီးသွားဝင်ရောက်မှု မှာလည်း ၂၀၁၁ ခုနှစ်အတွင်း ၈၂၀၀၀၀၊ ၂၀၁၂ ခုနှစ်အတွင်း ၁ ဒသမ ဝ၆ သန်းဝင်ရောက်ခဲ့ရာ ယခုနှစ်အတွင်းလျာထားချက် ၁ ဒသမ ၈သန်းပြည့်မီရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဟိုတယ် ၈၂၆ လုံးတွင် အခန်း ၃၀၀၀၀ နီးပါး ဖွင့်လှစ်ရန်ခွင့်ပြု ထားပြီး ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင် ၁၁၀၂ ခု၊ ပို့ဆောင်ရေး လုပ်ငန်းလိုင်စင် ၁၉ဝနှင့် ဧည့်လမ်း ညွှန်လုပ်ငန်းလိုင်စင် ၃၃၄၁ ခု ခွင့်ပြုထားပြီးဖြစ်ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရသိရသည်။

ယခုနှစ် ဇူလိုင် ၁ ရက်အထိ မြန်မာနိုင်ငံသားများ ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွက် ရင်းနှီးမြှုပ် နှံမှုမှာ အမေရိကန် ဒေါ်လာ ၁၈၃ ဒသမ ၃၄ ဘီလီယံကျော်အထိ ရှိနေကာ နိုင်ငံခြားသားများ ယင်း ကဏ္ဍအတွင်း ဝင်ရောက်ရင်းနှီး မြှုပ်နှံမှုအနေဖြင့် အမေရိကန် ဒေါ်လာ သန်း ပေါင်း ၁၅၈၅ ဒသမ ၈၁၁ သန်းသာရှိနေကြောင်း မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ထုတ်ပြန်ချက်များအရသိရသည်။

နိုင်နိုင်ဇော်
ရန်ကုန် ၊ သြဂုတ်(၄)
ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာ
Yangon Media Group