Home » » NLD အဖွဲ့ဝင်နှင့် ကျေးရွာ ရာအိမ်မှူးတို့ စကားများ ရန်ဖြစ်ရာမှ တူးမီးသေနတ်ဖြင့် အပစ်ခံရ၍ ရာအိမ်မှူး သေဆုံး

NLD အဖွဲ့ဝင်နှင့် ကျေးရွာ ရာအိမ်မှူးတို့ စကားများ ရန်ဖြစ်ရာမှ တူးမီးသေနတ်ဖြင့် အပစ်ခံရ၍ ရာအိမ်မှူး သေဆုံး

Written By Unknown on Tuesday, July 16, 2013 | 3:37 PM

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် (၂) ဦးနှင့် ကျေးရွာ ရာအိမ်မှူးတို့ စကားများ ရန်ဖြစ်ရာမှ တူးမီးဖြစ် အပစ်ခံရ၍ ကျေးရွာ ရာအိမ်မှူး သေဆုံးသည့် မှုခင်းတစ်ခု ၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ (၁၅) ရက်နေ့ ညနေ (၅) နာရီ အချိန်တွင် ကျွန်းစုမြို့နယ် ကံမော်ကျေးရွာအုပ်စု ပသျှူးချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကျွန်းစုမြို့နယ် ကံမော် ကျေးရွာအုပ်စု ပသျှူးချောင်း ကျေးရွာ ရာအိမ်မှူး အဖြစ် တာဝန် ထမ်းဆောင် နေသည့် ဦးကျော်မြင့် ၊ အသက် (၃၀) သည် ၀န်ပြေးရွာလမ်းပေါ်တွင် ရောက်ရှိနေသည့် အချိန်၌ ၄င်း ကျေးရွာ NLD ပါတီမှ ဦးစောအင်၊ ဦးထွန်းအောင်တို့နှင့် တွေ့ဆုံပြီး တစ်ဦးနှင့် တစ်ဦး စကား ပြောဆိုရာမှ တဆင့် အခြေ အတင်ဖြစ်ပွားပြီး ဦးထွန်းအောင်က လက်တွင် ကိုင်ဆောင်ထားသော ဓားမရှည်ဖြင့် လိုက်ခုတ်ရာ ရာအိမ်မှူး ဦးကျော်မြင့်မှ ထွက်ပြေးစဉ် အတူပါလာသူ NLD ပါတီမှ ဦးစောအင်က လက်ထဲတွင် အသင့် ကိုင်ဆောင် လာသည့် တူးမီး (ခ) ယမ်းထောင်း တောပုန်း သေနတ်ဖြင့် ပစ်ခတ်လိုက်ရာ ရာအိမ်မှူး ဦးကျော်မြင့်၏ ဘယ်ဘက် ရင်အုံတွင် ထိမှန်ပြီး အခင်းဖြစ်သည့် နေရာတွင်ပင် သေဆုံးသွားကြောင်း သိရှိရသည်။

ထိုလူသတ်မှုနှင့် ပတ်သက်ပြီး သေနတ်ဖြင့် ပစ်ခတ်သူ ဦးစောအင် ကိုယ်တိုင် ည (၁၀) နာရီ အချိန်ခန့်တွင် ကျွန်းစုမြို့နယ် ကံမော် ကျေးရွာ ရဲစခန်းသို့ လာရောက် အဖမ်းခံသဖြင့် ကံမော် ကျေးရွာ ရဲတပ်ဖွဲ့ စခန်းမှ အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိပါသည်။

မြိတ်ပုလဲမြေ