Home » » မုံရွာမြို့ပေါ်တွင် ယာဉ်တိုက်မှုများ ဖြစ်ပွားသော်လည်း သက်ဆိုင်ရာမှ အရေးမယူ

မုံရွာမြို့ပေါ်တွင် ယာဉ်တိုက်မှုများ ဖြစ်ပွားသော်လည်း သက်ဆိုင်ရာမှ အရေးမယူ

Written By Unknown on Thursday, July 4, 2013 | 10:09 AM

မုံရွာ၊ ဇူလိုင် ၄ ရက်နေ့ မနက် ၀၃ နာရီ၊ ၁၈ မိနစ်

ကျောင်ဖွင့်ရာသီချိန်၌ ယာဉ်အသွားအလာ အလွန်ရှုပ်ထွေးလျက်ရှိသော မုံရွာမြို့ကြီးသည် ယာဉ်တိုက်မှုများ ဖြစ်ပွားသော်လည်း သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း မုံရွာမြို့ခံ တစ်ဦးမှ ပြောဆိုသည်။

“ မနေ့(၃.၇.၂၀၁၃)ည ၁၀ နာရီအချိန်လောက်က သာစည်လမ်းမီးပွိုင့်ရဲ့ဗဟိုချက် ဆုံမှတ်နေရာမှာ ကားနဲ့ဆိုင်ကယ် ကန့်လန့်ဖြတ် ယာဉ်တိုက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ကားသမားက တိုက်ပြေးသွားတဲ့အခါ အနီးဝန်းကျင်ရှိ လူတွေက ဆိုင်ကယ် တွေနဲ့ ကားနောက်ကို လိုက်တဲ့အခါမှ ကားသမားက မီးပွိုင့်ဘက်ကို ပြန်မောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ ယာဉ်ထိန်းရဲက အရေး မယူခဲ့ပါဘူး။ ပိုက်ဆံယူပြီးပြန်လွတ်လိုက်တာပါ..” ဟု အခင်းဖြစ်အရပ်၌ ရောက်ရှိနေသူ မျက်မြင်သက်သေ တစ်ဦးမှ ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားချိန်တွင် ၎င်း မီးပွိုင့်၌ တာဝန်ကျယာဉ်ထိန်းရဲများမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အင်္ကျီရင်ဘတ်တံဆိတ် နံပါတ် 3128 ယာဉ်ထိန်းရဲတပ်ကြပ်ကြီး တစ်ဦးနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်အင်္ကျီရင်ဘတ်တံဆိတ် နံပါတ် 3048  ယာဉ်ထိန်းဒုရဲအုပ် ဆိုသူ နှစ်ဦးဖြစ်ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ  မုံရွာမြို့၊ အနော်ရထာလမ်း(ခေါ်) ပြည်ထောင်စုလမ်း၊ သာစည်လမ်း မီးပွိုင့်၏ ဗဟိုလ်ချက်နေ ရာတွင် လိုက်ထရပ် အဖြူရောင် အမျိုးအစား ယာဉ်အမှတ် ၈င/ ၇၅၇၈ ယာဉ်တစ်စီးနှင့် ၁၂၅ ရုပ်ဆိုး အနက် ရောင် ယာဉ်အမှတ် ၂၀ယ/ ၈၁၀၈၁ ဆိုင်ကယ်ယာဉ် တစ်စီးသည် ၎င်း မီးပွိုင့်၏
ဗဟိုလ်ချက်နေရာတွင် ကန့် လန့်ဖြတ် ယာဉ်တိုက်မှု တစ်ရပ်အား ယခုလ ၃ ရက်နေ့ ၂၁ နာရီ ၁၈ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း အခင်း ဖြစ်အရပ်ရှိ မျက်မြင်သက်သေများ၏ ဆက်သွယ်ပြောဆိုချက်များအရ သိရှိရသည်။

Myanmar News Now