Home » » လုယက်မှု ကျူးလွန်သူ တရားခံအား (၂) နာရီအတွင်း ဖမ်းဆီးရမိ

လုယက်မှု ကျူးလွန်သူ တရားခံအား (၂) နာရီအတွင်း ဖမ်းဆီးရမိ

Written By Unknown on Sunday, July 7, 2013 | 4:44 PM

ရန်ကုန်၊ ဇူလိုင် ၇

ရန်ကုန်တိုင်း တာမွေမြို့ နယ်မှာ အိပ်ခန်းအတွင်း ၀င်ရောက်ပြီး ချွန်ထက်သော အရာနှင့် ထောက်ကာ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။

၇.၇.၂၀၁၃ ရက်နေ့ ၀၀၃၀ အချိန်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်း အရှေ့ရပ်ကွက်၊ အောင်မင်္ဂလာ လမ်းနေ ဦးမိုးဦး၊ (ဘ)ဦးချစ်စိန်သည် သူငယ်ချင်းများထံ သွားရောက် လည်ပတ်စဉ် ဇနီးဖြစ်သူနှင့် ကလေးနှစ်ဦးမှာလည်း အပြင်သို့ ထမင်းကြော် သွားစားကြရာ ၎င်းနေအိမ်တွင် သမီးအကြီးဖြစ်သူ မခိုင်သီရိမိုးဦးမှာ နေအိမ်အိပ်ခန်း အတွင်း၌ တစ်ဦးတည်း အိပ်၍ ကျန်ခဲ့စဉ် ၀၁၀၀ အချိန်ခန့်တွင် သမီးဖြစ်သူ၏ အိပ်ခန်းအတွင်းသို့ လူငယ်တစ်ဦးမှ ၀င်ရောက်လာပြီး ဆံပင်ဆွဲ ပါးရိုက်ကာ ချွန်ထက်သောအရာဖြင့် ထောက်ပြီး နေအိမ်ရှိငွေ ကျပ်၃၉၀၀၀၀ အား လုယူထွက်ပြေး သွားကြောင်း
သိရ၍ ဦးမိုးဦးမှ တာမွေရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရာ တာမွေမြို့မရဲစခန်း (ပ)၂၈၁/၂၀၁၃၊ ပုဒ်မ ၃၈၂/၃၂၃ ဖြင့် အမှုဖွင့်ထားရှိခဲ့ပါသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ တရားခံအား အမြန်ဆုံး စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များမှ ပိတ်ဆို့ရှာဖွေ စုံစမ်းခဲ့ရာ ၀၂၁၅ အချိန်တွင် တာမွေမြို့နယ်၊ သီတာလမ်း နှင့် ကျောက်မြောင်းကြီး လမ်းဆုံတွင် သက်သေခံငွေ
ကျပ်၃၉၀၀၀၀ ၊ စတား ၀က်အူလှည့် ၁ ချောင်းနှင့်အတူ ပြစ်မှုကျူးလွန်သူ လှခိုင်၊ (ဘ)ဦးတင်အုန်း၊ ချောင်းပတ်လမ်း၊ စံပြရပ်ကွက်၊ ဒလမြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ချက် အရသိရပါသည်။