Home » » ပန်းဘဲတန်းမြို့နယ်၊ ၀ှာရှင် အပေါင်ဆိုင်တွင် လုယက်မှုဖြစ်ပွါး

ပန်းဘဲတန်းမြို့နယ်၊ ၀ှာရှင် အပေါင်ဆိုင်တွင် လုယက်မှုဖြစ်ပွါး

Written By Unknown on Sunday, July 14, 2013 | 10:08 PM

ရန်ကုန်၊ ဇူလိုင် ၁၄

၁၄.၇.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်ခန့်တွင် မမေသန္တာစုသည် ပန်းဘဲတန်းမြို့နယ်၊ (၂)ရပ်ကွက် ရှိ ၀ှာရှင် အပေါင်ဆိုင်တွင် မမျိုးသန္တာ၊ မချောကေသီတို့နှင့် အတူရှိနေစဉ် အသက်၄၀နှစ်ခန့်ရှိ အမျိုးသား(၂)ဦး ရောက်ရှိလာကာ ရွှေထည် ပေါင်လိုကြောင်း ပြောပြီး ရွှေဟန်းချိန်းနှင့် ဆွဲကြိုး တို့အားပေးသဖြင့် မှတ်ကျောက် တိုက်ကြည့်ရာ ရွှေအစစ်များဖြစ်ကြောင်းတွေ့ရ၍ ငွေကျပ် ၁၃သိန်း
နှင့် အပေါင်ခံရန်သဘောတူခဲ့ကြပြီး ဆွဲကြိုးအားယူကာ ငွေကျပ် ၁၃သိန်းအားပေးအပ်ခဲ့ရာ ၎င်းတို့မှ ကောင်တာပေါ်တွင် ငွေများရေတွက်နေခဲ့ကြပါသည်။

ထိုသို့ရေတွက်နေစဉ် အမျိုးသားတစ်ဦး၏ လက်ကိုင်ဖုန်းမြည်လာ၍ ဖုန်းပြောခဲ့ပြီး ငွေကျပ်၁၅သိန်းရမှ ပေါင်မည်ဖြစ်ကြောင်း ပြန်လည် ပြောဆိုလာကာ ရွှေဟန်းချိန်နှင့် ဆွဲကြိုးတို့အား ပြန်တောင်းသဖြင့်ပေးလိုက်ပြီးနောက် ၎င်းလူများမှ အားနာ၍ ငွေကျပ် ၁၃သိန်းသာ ယူတော့မည် ဖြစ်ကြောင်းပြောပြီး ရွှေဟန်းချိန်းနှင့် ဆွဲကြိုးအား ပေးအပ်ခဲ့သောကြောင့် ထပ်မံချိန်တွယ်ကြည့်ရာ အလေးချိန်နှင့် ပုံစံတူသော်လည်း မှတ်ကျောက် တိုက်ကြည့်သည့်အခါ အတုများဖြစ်နေကြောင်း တွေ့ရှိချိန်တွင် ၎င်းတို့(၂)ဦးမှ ကောင်တာပေါ်ရှိ ငွေ ကျပ်၁၃သိန်းအနက် ငွေကျပ် ၁၀ သိန်းအား လုယူထွက်ပြေးသွားသဖြင့် ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီ တောင်းပြီး လိုက်လံဖမ်းဆီးခဲ့ရာ အဆိုပါအမျိုးသား (၂)ဦးအနက် တစ်ဦးအား ရန်ကုန်ဆေးရုံကြီးရှေ့တွင် ပြည်သူများမှ ၀ိုင်းဝန်းဖမ်းဆီး ရမိခဲ့ပါသည်။

ဖမ်းဆီးရမိခဲ့သူမှာ အောင်ဇော်မြင့်၊ ၃၈နှစ်၊ (ဘ)ဦးဌေးအောင်၊ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေသူဖြစ်ပြီး ထွက်ပြေးလွတ်မြောက် သွားသူမှာ အောင်သူ(စုံစမ်းဆဲ)၊ ၇/အရှေ့ရပ်ကွက်၊ သာကေတမြို့နယ် နေသူတို့ဖြစ်ကြောင်းစစ်ဆေးသိရှိရပါသည်။

ထိုသို့လုယက်မှုကျူးလွန်ခဲ့သူ အောင်ဇော်မြင့်နှင့် အောင်သူတို့ (၂)ဦးအား ပန်းဘဲတန်းမြို့မရဲစခန်း (ပ) ၂၀၂/၂၀၁၃၊ ပုဒ်မ ၃၉၂ ဖြင့်အရေးယူဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတရားခံ
အောင်သူအား ဖမ်းဆီးရမိရေးနှင့် သက်သေခံငွေ ၁၀သိန်းအားသိမ်းဆည်းရမိရေး တိုင်း/ခရိုင်အထူးအဖွဲ့များဖြင့် လိုက်လံစုံစမ်း ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police