Home » » ရန်ကုန်တွင် မီးရထား မတော်တဆမှု တစ်လ လေးကြိမ်ခန့် ဖြစ်

ရန်ကုန်တွင် မီးရထား မတော်တဆမှု တစ်လ လေးကြိမ်ခန့် ဖြစ်

Written By Unknown on Saturday, July 6, 2013 | 1:42 PM

လမ်းပိုင်း အားနည်းချက်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပျမ်းမျှ အားဖြင့် တစ်လလျှင် မီးရထား မတော် တဆမှု လေးကြိမ် ခန့် ဖြစ်ပွားလျက်ရှိ သည်ဟု မြန်မာ့မီးရထားမှ လက် ထောက် အထွေထွေမန်နေဂျာ ဦးကျော် ကျော်မျိုးက ပြောသည်။

''လမ်းပိုင်းဆိုင်ရာ စံချိန်စံညွှန်း မမီတာက အဓိကပေါ့၊ ကျောက်ဆို လည်း ကျောက်ထုဘယ်လောက်ထည့် ရမယ် စသဖြင့် မပြည့်မီတာပေါ့''ဟု ၄င်းက ပြောသည်။

ကျွမ်းကျင်လုပ်သား အားနည်း ခြင်းနှင့် ခေတ်မီစက်ကိရိယာ မသုံးစွဲ နိုင်ခြင်းတို့မှာ လမ်းပိုင်းဆိုင်ရာ အား နည်းမှုကို ဖြစ်ပေါ်စေသည်ဟု ဆို သည်။

မီးရထားမတော်မဆဖြစ်ပွားမှုများ တွင် ပြေးဆွဲနေသော လမ်းပိုင်းများ၌ ဖြစ်ပွားခြင်းထက် တွဲရွှေ့လုပ်ငန်းဆောင် ရွက်သည့် ယာဒ်ဝင်းများထဲ၌ အဖြစ် များသည်ဟု ၄င်းက ပြောသည်။

''ယာဒ်ဝင်းဆိုတာ လမ်းကြောင်း ပြေးတဲ့ အပိုင်းမဟုတ်ဘူး။ စက်ခေါင်း တွေ သွင်းတယ်၊ ထုတ်တယ်၊ တွဲရွှေ့တဲ့ နေရာပါ''ဟု ၄င်းက ဆိုသည်။

မိုးတွင်းကာလ၌ လမ်းပိုင်းအား နည်းမှုကြောင့် မီးရထား မတော်တဆဖြစ် ပွားမှု မရှိစေရန် မြေကျွံမှုအများဆုံးဖြစ် ပွားတတ်သည့် လမ်းသစ်များဖြစ်သော တိုးကြောင်ကလေး-ဒဂုံအရှေ့ပိုင်း တက္ကသိုလ်၊ တိုးကြောင်းကလေး-သီလ ဝါ၊ တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် လမ်းပိုင်းများကို ပြင်ဆင်နေသည်ဟု ၄င်းက ဆက်ပြောသည်။

မြို့ပတ်(ဆင်ခြေဖုံး) လမ်းပိုင်း များကို နေ့စဉ်ပြင်ဆင်နေမှုအပြင် ရန် ကုန်-မန္တလေးလမ်းနှင့် ရန်ကုန်-ပြည် လမ်းများတွင်လည်း လမ်းပိုင်း ဆိုင်ရာ ပြင်ဆင်မှုကို ပြုလုပ်လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ဝေမာထွန်း

Popular Myanmar News Journal