Home » » ရေမန်းနှင့် အက်စစ်မှားသောက်မိ၍ အမျိုးသားတစ်ဦးသေဆုံး

ရေမန်းနှင့် အက်စစ်မှားသောက်မိ၍ အမျိုးသားတစ်ဦးသေဆုံး

Written By Unknown on Friday, July 19, 2013 | 6:24 PM

မန္တလေး၊ ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ထုံးကုန်းကျေးရွာတွင် ဇူလိုင်လ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်က အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး ရေမန်းနှင့် အက်စစ် မှားသောက်မိ၍ သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရေမန်းနှင့် အက်စစ်မှားသောက်မိသော အမျိုးသား၏ အမည်မှာ ဦးစိန်သန်း ဖြစ်ပြီး အသက်အရွယ်ကြီး၍ စိတ်ကယောင်ချောက်ချား ဖြစ်နေကာ မကြာခဏ ဆိုသကဲ့သို့ ရေမန်းများ သောက်လေ့ရှိကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံး ရဲမှူးဦးစိုးငြိမ်းက ပြောကြားသည်။

ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ခန့်က ဦးစိန်သန်းမှာ နေအိမ်တွင် အော့အန်နေသဖြင့် ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ရာ ဆေးရုံအရောက်တွင် သတိပြန်လည် ရရှိလာပြီး ရေမန်းနှင့် အက်စစ် မှားသောက်မိသည်ဟု ပြောကြားခဲ့ကြောင်း၊ ဆေးရုံတွင် တက်ရောက်ကုသနေစဉ် ဇူလိုင်လ ၁၆ ရက်နေ့က သေဆုံး သွားခဲ့ကြောင်း အဆိုပါ သေဆုံးသူ၏ မိသားစုများ ပြောကြားချက်အရ သိရသည်။

အဆိုပါသေဆုံးမှုကို သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ပြင်ဦးလွင်မြို့နယ် ပိတ်ချင်းမြောင်နယ်မြေ ရဲစခန်းထံမှ သိရသည်။

(ဖြိုးဖြိုးဇော်)

The Voice Weekly