Home » » ရည်းစားဟောင်းဖြစ်သူမှ ခေါ်ဆောင်သွားပြီး လက်ကောက်အား လုယူသွားမှု ဖြစ်ပွား

ရည်းစားဟောင်းဖြစ်သူမှ ခေါ်ဆောင်သွားပြီး လက်ကောက်အား လုယူသွားမှု ဖြစ်ပွား

Written By Unknown on Wednesday, July 10, 2013 | 4:22 PM

ရန်ကုန်၊ ဇူလိုင် ၁၀

၆.၇.၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန် သာကေတမြို့နယ်နေ မနုနုထွေး (ဘ) ဦးအုန်းလွင်သည် မိတ်ဆွေဖြစ်သူ ဦးကျော်လင်းထွေး မိသားစုနှင့် အတူ သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင် အနီးရှိ
ရွှေပုဇွ န်အအေးဆိုင်တွင် စားသောက်နေစဉ် ယခင်က ခင်မင်ရင်းနှီးဖူးသူ ဦးကျော်ကျော်ထွေးနှင့် ရည်းစားဟောင်းဖြစ်သူ သင်္ဃန်းကျွန်းမြို့နယ်နေ အောင်နိုင်ဦးတို့ရောက်ရှိ လာပြီး အတူတူ အအေး သောက်ခဲ့ကြပါသည်။

အအေးသောက်ပြီး အပြန်တွင် မနုနုထွေးသည် အောင်နိုင်ဦး၊ ဦးကျော်ကျော်ထွေးတို့နှင့် အောင်နိုင်ဦး၏ ကားဖြင့် အတူပြန်လာရာ ဦးကျော်ကျော်ထွေးအား နေအိမ်သို့ပို့ပေး ခဲ့ပြီးနောက်
အောင်နိုင်ဦးမှ စကားပြောစရာရှိ၍ လိုက်ခဲ့ရန်ခေါ်သဖြင့် ကားဖြင့် လိုက်ပါလာခဲ့ရာ ၎င်းအားလက်ထပ်ရ မည်ဖြစ်ကြောင်း၊ မယူလျှင်သတ်ပစ်မည်ဟု ပြောဆိုကာ သန်လျင်ဘက်သို့
မောင်းနှင်ခဲ့ပါသည်။

မနုနုထွေးမှ နေအိမ်သို့ပြန်ပို့ပေးရန် ပြောဆိုပြီး ကားပေါ်မှ ဆင်းရန်ပြုလုပ်စဉ် အောင်နိုင်ဦးမှ ဆံပင်ဆွဲပြီးလည်ပင်းအား လက်ဖြင့်ရိုက်နှက်ခဲ့ကာ ဆက်လက် မောင်းနှင်ခဲ့ရာ အေးနန္ဒာတည်းခိုခန်း ရှေ့သို့ရောက်ရှိစဉ် ကားအားရပ်တန့်ခဲ့၍ ဆင်းပြီး ဖုန်းဖြင့် ဓါတ်ပုံရိုက်မည်ပြုစဉ် ဖုန်းအား လုယူရိုက်ခွဲခဲ့ကာ စိန်ပွင့်များပါရွှေ(၁)ကျပ်သားခန့်ရှိလက်ကောက်(၁)ကွင်း၊ တန်ဘိုးငွေကျပ် (၁၅)သိန်း အားဆွဲချွတ်လုယူကာမောင်းနှင် သွားခဲ့သဖြင့် အောင်နိုင်ဦးအား အရေးယူပေးပါရန်
၉.၇.၂၀၁၃ ရက်နေ့တွင်သာကေတနယ်မြေရဲစခန်းသို့လာရောက် တိုင်ကြားခဲ့၍ (ပ)၄၆၅/၂၀၁၃၊ ပုဒ်မ ၃၈၂ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း Yangon Police (facebook) အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။