Home » » အာရှ အရပ်အရှည်ဆုံး လူသား တရုတ်၌ ဆေးရုံတက်

အာရှ အရပ်အရှည်ဆုံး လူသား တရုတ်၌ ဆေးရုံတက်

Written By Unknown on Tuesday, July 9, 2013 | 8:56 PM

ပေကျင်း ဇူလိုင် - ၈ ။             ။ ကမ္ဘာပေါ်၌ အသက်ရှင် နေသူများထဲ၌ အရပ်အရှည်ဆုံး တရုတ်လူမျိုး၊ ၂ ဒသမ ၅၅ မီတာ (၈ ပေ ၄ လက်မ)ရှိသူသည် ဆေး ရုံတက်ကာ တင်ပါးဆုံ အစားထိုး ကုသမှု ခံယူခဲ့ကြောင်း တနင်္လာ နေ့တွင် မီဒီယာ များ ၌ ဖော်ပြခဲ့ သည်။

ဝန်ဖန်ကျန်သည် ယခင် NBA ဘတ်စ်ကက်ဘောကစား သမား ယိုမင်းထက် ၂၉ စင်တီမီ တာရှည်သည်ဟု ဆိုသည်။ ရှင်ကျူ ညနေသတင်းစာ၏ အလိုအရ ဟိုင်နန်ပြည်နယ်၌ နေ ထိုင်လျက်ရှိသော ဝန်ဖန်ကျန်၏ လက်များမှာ စင်တီမီတာ ၃၀ ရှည်ပြီး ၄င်း၏ဖိနပ်ဆိုက်မှာ ၇၅ ဖြစ်သည်ဟု ဆိုသည်။

တရုတ်မီဒီယာများက ၄င်း အား ကမ္ဘာ့အရပ်အရှည်ဆုံး လူ သားအဖြစ် ဖော်ကျူးခဲ့ကြသည်။ အသက် ၃ရနှစ်ရှိ ဝန်မှာ ဦးနှောက် အောက်ရှိ ပစ်ကျူထရီဂလင်း၌ အကျိတ်တစ်ခု ဖြစ်ပေါ်နေသည် ဟုဆို၏။ ၄င်းသည် တင်ပါးဆုံရိုး နာနေ သဖြင့် ဟိုင်နန်ဆေးရုံမှ အ ခမဲ့ ကုသပေးခဲ့သည်။ တရုတ် အရပ်ရှည်ဆုံး အ မျိုးသမီး ယိုဒီဖန်မှာ ယခင်နှစ်အ သက် ၄ဝအရွယ်တွင် ဆုံးပါးသွား ခဲ့သည်။         

REF: AFP

Yangon Media Group