Home » » ဆိုင်ကယ်စီး လာသည့် အမျိုးသားမှ ရပ်ထားသည့် ယာဉ်အား တိုက်မိ သေဆုံးခြင်း

ဆိုင်ကယ်စီး လာသည့် အမျိုးသားမှ ရပ်ထားသည့် ယာဉ်အား တိုက်မိ သေဆုံးခြင်း

Written By Unknown on Sunday, July 7, 2013 | 7:04 AM

ရန်ကုန်၊ ဇူလိုင် ၆

၆.၇.၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ဒဂုံတောင်မြို့နယ်၊ (၆၆)ရပ်ကွက်၊ ဧရာဝဏ်လမ်းနှင့် ပဲခူးမြစ်လမ်းဆုံအနီးတွင် ဧရာဝဏ်လမ်းအတိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ သာကေတမြို့နယ်ဘက်သို့ ဆိုင်ကယ်အမှတ် ၂၇ယ/------၊ လင်ဖန်း 110 တရုတ်နိုင်ငံလုပ် ဖြူနီကြားအရောင် ဆိုင်ကယ်အား မောင်းနှင်လာသည့် အမည်မသိ ဗမာအမျိုးသား၊ အသက်၄၀နှစ်ခန့်၊ အရပ် ၅ပေ၅လက်မခန့် ၊ အသားဖြူ၊ ခန္ဓာကိုယ် ပိန်/ပါး၊ ၀ဲလက်မောင်းနှင့် လက်ဖျံတို့တွင် ဆေးမင်ကြောင်များပါရှိ၊ နေရပ်လိပ်စာ(စုံစမ်းဆဲ)သည် ရပ်ထားသည့် နောက်တွဲပါ ၁၂ဘီးယာဉ်၏ နောက်ဘက်အား ၀င်တိုက်မိ၍ ဦးခေါင်းထိပ်နှင့် နောက်စေ့ တို့တွင် ပေါက်ပြဲ ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် ဒဂုံတောင်မြို့မရဲစခန်း ယာဉ်(ပ)၂၀/၂၀၁၃၊ပုဒ်မ၃၀၄-ကဖြင့် အမှုဖွင့် စုံစမ်းခဲ့ပါသည်။

အဆိုပါ သေဆုံးသည့် အမျိုးသား၏ အမည်နှင့် နေရပ်တို့အား ယာဉ်ထိန်းတပ်ဖွဲ့စု(၃၈)မှ စုံးစမ်း ဆောင်ရွက်ခဲ့ရာ ၎င်းမှာ ကိုသန်းနိုင်ဦး(ခ) အငယ်လေး၊ ၃၅ နှစ်၊(ဘ)ဦးမောင်မောင်တင်၊
(၁၈) ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူဖြစ်သည်ကို စုံစမ်းသိရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ (Yangon Police) Facebook အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန် ထားပါသည်။