Home » » ၀မ်းတွင်း ငရုတ်ကောက် တောင်သူတွေ ရေအဆိပ်သင့်

ဝမ်းတွင်း ငရုတ်ကောက် တောင်သူတွေ ရေအဆိပ်သင့်

Written By Unknown on Thursday, July 4, 2013 | 7:41 AM

မန္တလေးတိုင်း ၊ ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ်၊ လူဒခင်း ကျေးရွာ အုပ်စု ပျားစွဲကျေးရွာမှာ
ငရုတ်ကောက် တောင်သူ (၇)ဦး ဇူလိုင်လ (၂)ရက်နေ့ က ရေအဆိပ်သင့် မှုကြောင့် ဆေးရုံတင်ထား ရကြောင်း သတင်းရရှိပါတယ်။

ပျားစွဲကျေးရွာ (အနောက်)မှာ နေထိုင်တဲ့ ဦးကြည်ဝင်း(၅၅နှစ်)ဘ- ဦးတင်အောင်နှင့် မိသားစု
မောင်ထက်နိုင်၊ မဦးနှင့်မတင်မာဦးတို့ဟာ စိုက်ပျိုးထားတဲ့ငရုတ်ခင်းက ငရုတ်များ ကောက်ယူရန်
မတင်ဦး-ဘ-ဦးကျော်စိန်၊ မဇင်မာဦးနှင့် ညီမ-ဘ-ဦးကျော်ဆန်းတို့ကိုပါ ငှားခဲ့ပါတယ်။

အဆိုပါ ရေအဆိပ်သင့် သူတွေဟာ ငရုတ်ခင်းစောင့်ရှောက်ရန် တောထဲမှာ ဆောက်လုပ်ထားတဲ့ ယာတဲက ရေအိုးစဉ်က ရေနဲ့ထမင်းဟင်းချက်၊ သောက်သုံး ပြုလုပ်ခဲ့ပါတယ်။ ရေအိုးထဲကို ငရုတ်ခင်း ဆေးဖြန်လို့ စိုက်ပျိုးရေးဆေး ရောက်ရှိ နိုင်တယ်လို့ ထင်စရာရှိ နေပေမဲ့ငရုတ်ခင်းနဲ့သောက်သုံး ရေအိုးနဲ့အလှမ်းဝေးပါတယ်။ ရှေးယခင် နှစ်တွေထဲက ငရုတ်စိုက်လုပ်ကိုင်လာခဲ့တာခုလို တခါမှ မဖြစ်ခဲ့ ဖူးလို့ယာခင်း၊ ယာတဲပိုင်ရှင်ဦးကြည်ဝင်းက ပြောပြပါတယ်။

(၂-၇-၂၀၁၃)နေ့ မနက် အစောကြီးထဲက ရွာကထွက်ခဲ့ပြီး ငရုတ်ခင်းမှာ အလုပ်လုပ်ခဲ့ ပါတယ်။ မနက်ခင်း(၁၀)နာရီ ကျော်ကျော်လောက်မှာ မိသားစု လေးယောက်နဲ့ ငရုတ်ကောက်သူ သုံးယောက်ပေါင်း ခုနှစ်ယောက်တို့ မူးဝေအော့အန်လာကြလို့ ရွာကိုပြန်ခဲ့ရပါတယ်။ ရွာရောက်တော့ပိုဆိုးလာလို့ နေပူကုန်းဆေးရုံ တက်ရောက်ခဲ့ရပါတယ်။

လူခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းမှ လမ်းဘေး ရေအိုးစဉ်နှင့်လယ်ယာတောတွင်ရှိသောသောက်သုံးရေများ သတိနဲ့သုံးစွဲဖို့နေ့လည်(၁) နာရီလောက်မှာ အသိပေး သတိပေး ကြေငြာထားပါတယ်။

သစ်ထူးလွင်