ရန်ကုန်၊ ဇွန် ၂
၁.၇.၂၀၁၃ ရက်နေ့က ရန်ကုန်တိုင်း အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်း၊ ဒေါ်မငယ်၊(ဘ)ဦးမောင်ထွန်း၏ နေအိမ်တွင် သမီးခင်ငြိမ်းချမ်း၊ ယမင်းအေး၊ အိမ်အကူ ဒေါ်အေးမှုန် နှင့် ကိုဖြိုးတို့ ရှိနေစဉ် လုယက်မှု ဖြစ်ပွားခဲ့ကြောင်း၊ လုယက်မှု အား အချင်းဖြစ်ပြီး (၄)နာရီ အတွင်း
ကျူးလွန်သူ(၃)ဦးအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။
အဆိုပါ နေအိမ်ကို ည ၈ နာရီ ၃၀ ခန့် တွင် သမီးကြီး ခင်ငြိမ်းချမ်းနှင့် ကိုဖြိုးတို့ သီရိမင်္ဂလာဈေးသို့ သွားနေစဉ် ယမင်းအေးနှင့် ဒေါ်အေးမှုန်တို့ (၂)ဦးတည်း ရှိနေချိန်မှာ အမည်မသိ လူ(၅)ဦး အနက်မှ (၂)ဦးက အိမ်တံခါး လာခေါက်သဖြင့် ဖွင့်ပေးခဲ့ရာမှ အိမ်အတွင်းတို့ အတင်း တက်လာ ခဲ့တာ ဖြစ်ပါတယ်။
အမည်မသိ လူ ၅ ဦးမှ မီးခလုတ်များ ပိတ်ပြီး ဗီဒိုအတွင်းမှ ရွှေဆွဲကြိုး(၁)ကုံး၊ ရွှေလက်ကောက်(၁)ကွင်း၊ ရွှေလက်စွပ်(၁)ကွင်း၊ ဆွဲပြား(၁)ခု၊ နားကပ်(၁)ဘက်၊ နားဆွဲ(၁)ရံနှင့် ငွေ ၁၅၀၀၀၀ကျပ်၊ စုစုပေါင်း ၁၈၃၅၀၀၀အား လုယက်ပြီး ဒေါ်အေးမှုန် နောက်ကျောကို ဒါးနှင့်ထိုးထွက်ပြေး သွားတယ်လို့ သိရပါတယ်။
အဆိုပါ အမှုအား အိမ်ရှင်တွေ တိုင်းကြားချက်အရ အလုံမြို့မ ရဲစခန်းမှ (ပ)၁၁၄/၂၀၁၃၊ ပုဒ်မ ၃၉၇ဖြင့် အရေးယူခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ လုယက်သူများ၏ ပုံသဏ္ဍန်ကို စစ်မေးပြီး အဖွဲ့များခွဲ၍ စုံစမ်း ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သည့် သူများကို ဖမ်းမိခဲ့ပါတယ်။
ဖမ်းမိတဲ့ တရားခံတွေမှာ နိုင်ရဲအောင်(ခ)ဖိုးထောင်၊ စိုင်းညီအောင်(ခ) သားပေါက်၊ ဇော်မင်းထွေး(ခ)ကိုထွေးတို့ (၃)ဦး ဖြစ်ပြီး စစ်ကြောဖေါ်ထုတ်ခဲ့ရာ လုယက်ရာတွင် အသုံးပြုသော အရှည် (၁၃)လက်မရှိ နှစ်ဘက်သွား ဒါး(၁)ချောင်း၊ အရှည်(၁၂)လက်မရှိ ဒါး(၁)ချောင်းနှင့် အတူ ရွှေထည်ပစ္စည်းများအား မူလပုံစံမပျက် ၄င်းတို့၏ အဆောင်မှ သိမ်းဆည်းရမိ ခဲ့ကြောင်း သိရပါတယ်။
ယခုအခါ အဆိုပါ တရားခံတွေကို အလုံမြို့မ ရဲစခန်းမှာ (ပ)၁၄၄/၂၀၁၃၊ ပုဒ်မ ၃၉၇ဖြင့်
အရေးယူထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန် ချက်အရသိရပါတယ်၊
Myanmar News Now