Home » » သင်္ကန်းဝတ်ဖြင့် အရက်သောက်သူနှစ်ဦးကို လူဝတ်လဲ

သင်္ကန်းဝတ်ဖြင့် အရက်သောက်သူနှစ်ဦးကို လူဝတ်လဲ

Written By Unknown on Sunday, July 28, 2013 | 2:41 PM

မိတ္ထီလာ၊ ဇူလိုင် ၂၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် သင်္ကန်းဝတ်ဖြင့် အရက်သောက် မူးယစ်နေသူ နှစ်ဦးကို လူဝတ်လဲ အရေးယူထားကြောင်း မိတ္ထီလာမြို့ ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိ ဆရာတော်တစ်ပါးက The Voice သို့ မိန့်ကြားသည်။

မိတ္ထီလာမြို့ ရတနာမာန်အောင် နယ်မြေရှိ ဇွဲရုံကားဂိတ်အနီးတွင် ဇူလိုင်လ ၂၄ ရက် ညနေက အရက်သေစာ သောက်စား၍ မူးယစ်နေသော သင်္ကန်းဝတ်နှစ်ဦးကို တွေ့ရှိသဖြင့် ပတ်ဝန်းကျင်လူထုက သတင်းပေး တိုင်ကြားခြင်းကြောင့် မြို့နယ် သံဃနာယကအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြောင်း မိတ္ထီလာမြို့ မြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါ သင်္ကန်းဝတ်ဖြင့် အရက်မူးယစ်နေသူနှစ်ဦးမှာ မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်နေ ဦးကောသလ္လ ၄၅ နှစ် လူအမည် ဦးကျော်သင်းနှင့် ဦးသောဘန ၄၅ နှစ် လူအမည် ဦးသောင်းမြင့်တို့ ဖြစ်ကြောင်း ၎င်းတို့သည် သာသနာဝင် မှတ်ပုံတင် ကိုင်ဆောင်ထားခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် မြို့နယ်သံဃနာယက အဖွဲ့၏ တာဝန်ရှိ ဆရာတော်တစ်ပါးက လူဝတ်လဲပေးခဲ့ပြီး သင်္ကန်းဝတ်ဖြင့် အရက်သေစာ သောက်စား၍ သာသနာညှိုးနွမ်းအောင် ပြုလုပ်မှုဖြင့် မြို့မရဲစခန်းက ရဲအရေးမပိုင်အမှု အမှတ်စဉ် (ပ)၃၉/၂၀၁၃၊ ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါစခန်းထံမှ သိရသည်။

The Voice Weekly