Home » » စားဝါးနေသော တရားသူကြီးအခိျု့ကို လှိျု့ဝှက်စုံစမ်းမည်

စားဝါးနေသော တရားသူကြီးအခိျု့ကို လှိျု့ဝှက်စုံစမ်းမည်

Written By Unknown on Thursday, July 4, 2013 | 4:19 PM

ရန်ကုန် - ဇူလိုင် - ၃။    ။ လာဘ်ပေးလာဘ်ယူမှုများနှင့်ပတ်သက်၍ တိုင်ကြားခံထားရသည့် ခရိုင်အဆင့်တရားသူကြီးအခိျု့၏ ပိုင် ဆိုင်မှုများကို အထူးအဖွဲ့ဖွဲ့ပြီး လှိျု့ဝှက်စုံစမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးမှ အဆင့် မြင့် တရားသူကြီးတစ်ဦးက ထုတ် ဖော်ပြောကြားလိုက်သည်။

ယင်းကဲ့သို့စစ်ဆေးရာတွင် ခရိုင်အဆင့်တရားသူကြီး အခိျု့ ၏ ပိုင်ဆိုင်မှုများနှင့်အတူ မိသားစုများ၏ လုပ်ငန်းလုပ်ကိုင်မှုများ ကိုစစ်ဆေးသွားမည်ဖြစ်ကာ လာဘ်ပေးလာဘ်ယူမှုများနှင့် မသမာမှုများပြုလုပ်မှုများတွင် ပါဝင် ပတ်သက် ခြင်းများရှိပါက ဥပဒေအရ စုံစမ်းစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။  ယင်းနှင့်ပတ်သက်၍ အဆို ပါအဆင့်မြင့်တရားသူကြီးက ''တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့ နယ်အဆင့်ဆိုပြီး တရားသူကြီး တွေရှိ တယ်။ ပြည်သူလူထုအခိျု့ ရဲ့တိုင်ကြားမှုကိုခံထားရတဲ့ ခရိုင် အဆင့် တရားသူကြီးအ ခိျု့ရဲ့ ပိုင်ဆိုင်မှုနဲ့ အလုပ်လုပ်ပုံတွေကို လှိျု့ဝှက်စစ်ဆေးမှာပါ။ ဘယ်တိုင်း ဒေသကြီးက စစစ်မလဲဆိုတာတော့ ပြောလို့မရဘူး။ အခု အဲဒီလိုလုပ် မယ့် အစီအစဉ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရေးဆွဲနေတုန်း ပါ''ဟု ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း တွင် ကလေးနှင့် တမူးရဲစခန်းများ သို့ ဒုရဲချုပ် ဦးဆောင်သော အထူး အဖွဲ့က ရှောင်တခင်ဝင်ရောက် ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ ကြောင်း သိရသည်။ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ''တရား သူကြီး အခိျု့ရဲ့ ပိုင်ဆိုင်မှုကို စစ်ဆေးသင့်တာပေါ့။ တကယ်လို့ မှန်မှန်ကန်ကန်သာ စစ်ဆေးမယ်ဆိုရင် ထောင်ထဲဝင် ရမယ့်သူတွေ အများကြီးပဲ''ဟု ပြောသည်။ မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီးနောက်ပိုင်း တရား သူကြီး များနှင့် အစိုးရရှေ့နေများ ကို အမှုကိစ္စများ မှန်မှန်နှင့်မြန် မြန်ဆောင်ရွက်ရန်၊ လာဘ်ပေး လာဘ်ယူမှုကင်းရှင်းစေရန် ညွှန် ကြားချက်များဖြင့် ပိုမိုတင်းကြပ် လာပြီး သက်ဆိုင်ရာတိုင်း၊ ခရိုင်၊ မြို့နယ်ရှိ တရားရုံးများ တွင်လည်း အမှုကိစ္စ များ၌ သက်ဆိုင်ရာတရား သူကြီးများ လာဘ်ပေးလာဘ်ယူ မှုများပြုလုပ်ပါက တိုင်ကြားရန် ဖုန်းနံပါတ်များကို ဖော်ပြပေးထား ကြောင်း သိရသည်။

ကျော်မြတ်ဇံ

Yangon Media Group