Home » » ဆောက်လုပ်ရေးလုပ်ငန်းများ၏ အလုပ်ချိန်သတ်မှတ်

ဆောက်လုပ်ရေးလုပ်ငန်းများ၏ အလုပ်ချိန်သတ်မှတ်

Written By Unknown on Wednesday, July 3, 2013 | 12:30 PM

ရန်ကုန်၊ ဇူလိုင် ၂

ခေတ်မီ မြို့ပြအင်္ဂါရပ် နှင့်အညီ ဖွံ့ဖြိုးရေးအတွက် တိုက်တာနေအိမ်၊ ခုံးကျော် မြစ်ကူးတံတားများ နေ့ရောညပါ အရှိန်အဟုန်ဖြင့် တည်ဆောက်နေသော ရန်ကုန်မြို့တော်ရှိ ဆောက်လုပ်ရေးလုပ်ငန်း များကို အလုပ်ချိန်များ သတ်မှတ်လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းများ၏ အလုပ်ချိန်ကို ဇွန်လနောက်ဆုံးပတ် မှစ၍ နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။

ထုတ်ပြန်ထားသော စည်းကမ်းဖောက်ကာ ညပိုင်းဆောက်လုပ် နေသည်ကို စစ်ဆေးတွေ့ရှိပါက ပထမအကြိမ် ခေါ်ယူသတိပေးခြင်း၊ ဒုတိယအကြိမ် တွေ့ရှိပါက ဒဏ်ရိုက်ခြင်းနှင့် တတိယအကြိမ် တွေ့ရှိပါက ဆောက်လုပ်ရေးလိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူသွားမည် ဖြစ်ကြောင်း အဆိုပါ ဌာန လက်ထောက်ဌာနမှူးက ပြောကြားသည်။

"ညပိုင်းဆောက်တဲ့ ဆောက်လုပ်ရေးတွေ အနေနဲ့ကတော့ အန္တရာယ်လည်း များပါတယ်။ ပတ်ဝန်းကျင်လည်း ရှိသေးတော့ အခုလို အလုပ်ချိန် သတ်မှတ်လိုက်တာ ကောင်းပါတယ်" ဟု Champion Construction မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

(ဇန်ဘို)

The Voice Weekly