Home » » ဘုရင်နောင်တံတားပေါ်မှ ရေထဲသို့ခုန်ချ၍ သေကြောင်းကြံစည်

ဘုရင်နောင်တံတားပေါ်မှ ရေထဲသို့ခုန်ချ၍ သေကြောင်းကြံစည်

Written By Unknown on Saturday, July 13, 2013 | 4:07 PM

ရန်ကုန်၊ ဇူလိုင် ၁၃

၁၃.၇.၂၀၁၃ ရက်နေ့ ၁၀၄၅ အချိန် ဘုရင့်နောင် တံတားဟောင်း၊ လှိုင်သာယာ မြို့နယ်ဘက်၊ တံတားတိုင်အမှတ် RP 4 နှင့် RP 5 ကြား တံတားမြောက်ဘက်ခြမ်း အပေါ်မှ အမျိုးသား တစ်ဦး
ရေထဲ ခုန်ချသွား သည်ကို ဘုရင့်နောင် တံတားသစ် ဆောက်လုပ်ရေး စီမံကိန်း၊ လုပ်ငန်းခွင် လုပ်ကိုင်နေသူများမှ တွေ့မြင်ခဲ့ကြသဖြင့် ဆောက်လုပ်ရေး လုပ်သားများဖြစ်သော ဇော်မင်းထွန်းနှင့် ကာလကျော်(ခ) ကရင်တို့မှ ရေငုတ်အဖွဲ့သုံး စက်လှေဖြင့် သွားရောက် ဆယ်ယူ ကယ်တင်ခဲ့ရာ ရေထဲသို့ ခုန်ချခဲ့သူမှာ စမ်းချောင်းမြို့နယ်၊ လင်းလွန်း မြောက်ရပ်ကွက်နေ ထိန်လင်းကျော်၊ ၃၈ နှစ်၊ သင်္ဘောသား ဖြစ်သူအား ဆယ်ယူ ကယ်တင်နိုင်ခဲ့ပါသည်။

၎င်းမှာ မိဘများအပေါ်တွင် ဆိုးမိုက်ခဲ့ပြီး တာဝန်မကျေမှု အတွက် အပြစ်ရှိသည်ဟု ခံယူမိကာ ရေထဲသို့ခုန်ချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ တံတား ဆောက်လုပ်ရေး စီမံကိန်းမှ အင်ဂျင်နီယာမှူး ဦးကျော်သူရနှင့် အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများမှ ၀ိုင်းဝန်း ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် ထိုသို့ သေကြောင်း ကြံစည် ခဲ့မှုအား ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

Yangon Police