ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ မကြည်မသာ မျက်ရည်လောင်း ကျူရှင် စာသင်ကျောင်း
ကားများ၊ ဘဲလ်သံပေးကာ အပြိုင် နင်းလာသောဆိုက်ကားများ၊ လမ်းပေါ် လှုပ်ရှား သွားလာနေသော လူများကို ကျော်ကြည့်၍ တစ်စုံတစ်ရာကို သူမ မျှော်နေသည့်ဟန်။ ရန်ကင်းမြို့နယ်ရှိ မိုးကောင်းဘုရားအနီးတည်ရှိသော သူ မတို့ ရပ်ကွက်လေးမှာ လက်လုပ်လက် စားများ၊ ဝန်ထမ်းများ အများစုနေထိုင် ကြသောကြောင့် ညဥ့်နက်ပိုင်းမှလွဲလျှင် အချိန်ပြည့် စည်ကားနေတတ်သည်။ ယခုလည်း အိမ်နှင့်အနည်း ငယ်သာ ကွာသောလမ်း ထိပ်အုတ်ခုံတွင်ထိုင်ကာ လူတို့၏ လှုပ်ရှားမှုများကို ကြည့်လိုက်၊ တစ်စုံတစ်ရာကို မျှော်ကြည့်လိုက်နှင့် သူမ အလုပ်များနေသည်က ပေါ်လွင် သော် လည်း ဘာရယ်မှန်းမသိ။
ထိုအချိန်တွင် မြင်ကွင်းထဲသို့ဟိုင်း လပ်ကား အစိမ်းရောင်လေးတစ်စီး ထိုး ဆိုက်လာသည်။ကားပေါ်တွင်တော့အဖြူ စိမ်းဝတ်ကလေး များ၊ ကျောင်းကားဖြစ် ၍ သူငယ်ချင်းအချင်းချင်း နှုတ်ဆက် သံ၊ သူ့ပစ္စည်းကိုယ့်ပစ္စည်း ခွဲ၍ သယ် ဆောင်ရန်ပြောကြားသံများဖြင့် ဆူညံ နေသည်။ သူမလည်း ကားအနီးအပြေး ကလေးသွား၍ ကားပေါ်မှ ဆင်းမည့် ဟန်ပြင်နေသည့် သားငယ်ထံမှ ကျော ပိုးအိတ်နှင့်ထီးကို လှမ်းယူလိုက် သည်။ လက်ထဲသို့ နင့်ကနဲပါလာသော ကျော ပိုးအိတ်အလေးချိန်ကြောင့် ညာလက် ပင်အောက်သို့ ညွှတ်ကျသွားသည်။ အိတ်ကို လက်နှစ်ဖက်နှင့် စုကိုင်လိုက် ရင်းသားကို ကြည့်တော့ ခပ်လှမ်းလှမ်း သို့ရောက်နေပြီ။ ကျောပိုးအိတ်နှင့် ထီး ကိုအမေဆီပေးကာ ကားပေါ်မှဆင်း၍ အိမ်သို့ ပြေး သွားသောသား၏ ကျော ပိုးအိတ်ကို သူမ၏လူကြီးအားနှင့်ပင် အားစိုက်မရသည်ဖြစ်၍ သားအတွက် ဂရုဏာသက်သလို ဖြစ်ရသည်ဟု သူမ က ပြောသည်။
”ဆော့ချိန်ကို တစ်နာရီပေးထား တယ်၊ ကျောင်းဆင်းတာနဲ့ ခြောက်နာရီ လောက်အထိတော့ ရေမိုးချိုးခိုင်းပြီးတာ နဲ့ အိမ်စာတွေလုပ်ရတာလေ။ ဘယ် လောက်ဆော့ချင်လဲ မဆော့ချင်လဲ အဲ ဒါသာကြည့်တော့” ဟု ပုဆိုးကိုမကာ ပြေးသွားသော ဖိုးသားလေးကျောပြင် ကိုကြည့်ရင်း မခင်အေး က ဆိုသည်။
ကျောင်းစိမ်းပုဆိုးကို မဝတ်တတ် ဝတ်တတ်နှင့် ဝတ်ထားသော ဖိုးသား လေးသည် မျက်နှာဝိုင်းဝိုင်း၊ မျက်လုံး ပြူးပြူး၊ နှုတ်ခမ်းထူထူလေးနှင့် ချစ်စရာ ကောင်းသော ကလေးတစ်ယောက်။ ၇ တန်းကျောင်းသားဖြစ်သည့် ၄င်းသည် မနက် ၈ နာရီမှ ၁၁ နာရီအထိ ကျူရှင် တက်ပြီးလျှင် နေ့လယ်စာစားပြီး ကျောင်း တက်၊ ကျောင်းမှပြန်လာရင် ခေတ္တ က စားခွင့်ရသောကြောင့် သူပျော်နေပုံရ သည်။ အိမ်ရှေ့လမ်းတွင် ကစားနေ သော ကလေးများထဲတွင်လည်း သူ့အ သံက အကျယ်ဆုံး။
”ကစားရင်သာ အသံကျယ်တာ၊ တလုပ်ရရင် ဂဂျီဂဂျောင်နဲ့ တစ်ခါတလေ သူက ပင်ပန်းတယ်ဆိုပြီး အော်ငိုသေး တာ”ဟု မခင်အေး ပြောလိုက် သည့် အချက်က စိတ်ဝင်စားစရာ။ ဟုတ်ပါသည်။ အသက် ၁၂ နှစ် အရွယ်သာရှိသော ကလေးတစ်ဦးက ပင်ပန်းသည်ဟု ပြောကာ အော်ငိုရသော အကြောင်းသည် အမှန်တကယ်လည်း စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မိ သည်။ အညွန့်တလူလူနှင့် အရာရာကို သင်ယူခါစ၊ မိဘရင်ခွင်တွင်
နွေးထွေး ပျော်ရွှင်စွာ နေထိုင်ကာ ဘဝအမောကို မသိနိုင်သော ကလေးတစ်ဦးက ပင်ပန်း သည်ဟု ခံစားရလောက်အောင် မည် သည့် အရာများက ထိုးနှက်နေပါသ နည်း။ ထိုအကြောင်းကို အတန်းထဲတွင် အမြဲတမ်းအဆင့် ၁ မှ ၃ ဝင်သူ ဖိုးသား ၏မိခင်ဖြစ်သူ မခင်အေးက ဤသို့ ရှင်း ပြသည်။
”တစ်နေကုန်ကျောင်းတက်၊ ကစား၊ ညကျတော့ စာတွေလုပ်၊ ကျောင်းက ပေးတဲ့စာပေါ့။ ပြီးရင်အိပ်။ မနက်ကျ တော့ သူကအိပ်ရာထ နောက် ကျတတ် တယ်။ အအိပ်မက်တယ်။ ဒါပေမဲ့ ၈ နာရီလောက်ဆို သူ့ကိုနိုးရတယ်။ ပြီး တော့ ကျူရှင်ကပေးလိုက်တဲ့ စာတွေ လုပ်ခိုင်း၊ အိပ်ရေးကမဝ၊ စာတွေလုပ်ရနဲ့ ဆိုတော့ သူစာမသင်ချင်တော့ဘူး။ စာ တွေလည်း မှတ်လို့ မရတော့ဘူး။ ပင် ပန်းတယ်ဆိုပြီး အော်ငိုတော့တယ်”ဟု မခင်အေးက သားငယ်၏ထီးကို ခေါက် လိုက်ရင်း သူမကစိတ်မသက်သာဟန် ဖြင့် ဆိုသည်။
မြန်မာနိုင်ငံတွင် ကျောင်းသား ၈၄၁၇၃၈၈ ဦးရှိသည်ဟု ပညာရေး ဝန် ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအ ရ သိရသည်။ ဆရာဦးရေကို ကြည့်သည့် အခါ တစ်နိုင်ငံလုံးတွင် ၂၈၆၇၉၄ ဦး သာရှိသည့်အတွက် ဆရာ တစ်ဦးက ကျောင်းသား ၂၉ ဦးကို အုပ်ချုပ်နေရ သည့် အနေအထားဖြစ် သည်။
ရှိသည့်ဆရာနှင့် ကျောင်းသားနှင့် မလောက်ငဟု ယူဆပါက ရမည်ထင် သည်။ ထိုထဲတွင် မိမိကလေး၏ ပညာ ရေး တိုးတက်စေလိုသော မိဘ များက ကျူရှင်ထားကြသည်။ ကျူရှင်ထားရာ တွင်လည်း ကျောင်းတွင်သင်သော အတန်းပိုင်ဆရာမထံတွင်ပြန်ထား သည်။ သို့မှသာ မိမိ၏ ကလေး ကို အခြားကလေးများထက် ပိုမိုဂရုစိုက် ကာ ဖိဖိစီးစီးသင်ကြားပေးနိုင်မည်ဟု မိဘများက ယုံကြည်ယူဆကြပုံပင်။
”သူ့ကျူရှင်ပြန်ထားမှ ကိုယ့်က လေးကိုဂရုစိုက်မှာပေါ့။ ပြီးတော့ မထား လို့လည်းမရတဲ့အနေအထားပါ။ ဆရာမ က သူ့ကျူရှင်လာတက်ဖို့ ခေါ်ခေါ်နေ တာ”ဟုတောင်ဥက္ကလာမြို့နယ်တွင် နေ ထိုင်သော မဇင်မာက ဆိုသည်။များသောအားဖြင့် မူလတန်း၊ အလယ်တန်းကလေး အများစုသည် အတန်းပိုင်ဆရာမထံတွင်သာ ကျူရှင် ပြန်တက်ကြသည်။ အထက်တန်းတွင် ၉ တန်းတစ်ခုသာ အတန်းပိုင် ဆရာမ ထံတွင် ကျူရှင်တက်ကြသည်။ ထိုသို့ ကျူရှင်တက်ပါက မေးခွန်းပေးကြောင်း၊ အင်းစိန်တွင်နေထိုင်သည့်အလယ်တန်း ကျောင်းသား မောင် ဥာဏ်လင်းထက်က ပြောသည်။
”ဆရာမဆီမှာ ကျူရှင်ယူတုန်းက မေးခွန်းတွေပေးတယ်။ ကျောင်းမှာ တော့ မပေးဘူး”ဟု ၄င်းက ပြောသည်။ ကျောင်းသားနှင့် ကျူရှင်စနစ် သည် မြန်မာနိုင်ငံတွင် အရိုးစွဲနေသော စနစ်ဖြစ်သည်။ မိဘက မည်မျှပင် ငွေ ရှာရခက်နေပါစေ၊ သားသမီးများကို တော့ မဖြစ်ဖြစ်သည့်နည်းနှင့် ကျူရှင် ထားကြသည်။ ကျူရှင်ထားမှသာ ၄င်း တို့ ကလေးများကိုဂရုစိုက်မည်ဟု ယူဆ ထားကြသည့် စိတ်ဓာတ်မှာလည်း အရိုး စွဲနေပြီ၊ ဆရာများကလည်း ၄င်းတို့ထံ တွင် ကျူရှင်လာတက်ရန် အမျိုးမျိုးစည်း ရုံးကြသည်။ သို့သော် ကျူရှင်ထားရန် မတတ်နိုင်သည့် ကလေးများအတွက် ရော။ ကျူရှင်မတတ်နိုင်သည့်၊ ကျောင်း ပညာရေးကိုသာ အားကိုးနေရသည့် ကလေးများ၏ အနာဂတ်သည် မည်သို့ ဖြစ်နိုင်သနည်း။
မိမိထံတွင် ကျူရှင်ယူသော ကလေး နှင့် မယူသော ကလေးနှိုင်းယှဉ်ပါက ဂရုစိုက်မှုကတော့ကွာခြားသည်ဟု မူလ တန်းပြဆရာမတစ်ဦးက ပြော သည်။ သို့ဆိုလျှင် ကလေးများ၏ စိတ်ထဲတွင် တစ်ခုခုတော့ခံစားရမည်ပင်။ နှစ်ပေါင်း များစွာ အရိုးစွဲလာသော၊ ခေါက်ရိုးကျိုး လာသော စိတ်ဓာတ် များ ကို တစ်ဦးချင်း အနေနှင့် ပြင်ကြရမည်ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူ က ဆိုသည်။
”ကျောင်းမှာသင်တာ အားမရလို့၊ ပိုတတ်ချင်လို့ ပိုနားလည်ချင်လို့ သင် ကြတယ်။ သင်ပေးတယ်။ သို့သော် ဒီအ ပေါ်မှာကို ဆရာတချို့က မပြေ လည် မလောက်ငဆိုတဲ့ ခေါင်းစဉ်အောက်မှာ နေပြီး သင်ကြတယ်။ လုံလောက်တော့ ရော ပိုချမ်းသာချင်တယ်။ အစွန်းတစ်ခု ကို ရောက်ကုန်ကြ တယ်”ဟု ဒုဝန်ကြီး ဦးအေးကြူက ပြောသည်။
”ရောမမြို့ကြီး ပျက်စီးသွားတာ ဘာကြောင့်လဲ။ စိတ်ဓာတ်တွေ ပျက်စီး ကုန်ကြလို့ပဲ။ ဒီမှာက နှစ် ၅ဝ လောက် ခေါက်ရိုးကျိုးလာတဲ့ စိတ်ဓာတ်ေ တွရှိ နေကြတယ်။ ဒါကိုပြောင်းကြမှ ရမယ်။ ပြောင်းကြလို့ ပြောသူက ပြောနေသော် လည်း လိုက်ပြောင်းသူရှိမှ ဖြစ်မယ်။ ဒီ ကိစ္စကသိမ်မွေ့ပါတယ်။ ၅ နှစ် လောက် မကောင်းတဲ့ စိတ်ဓာတ်ဝင်သူက တစ် ခဏလေးနဲ့ပြောင်းဖို့တောင် ခက်တာ။ နှစ် ၅ဝ လောက်ကြီးကို လုပ်ရပြင်ရမှာ က မနည်းဘူး ပဲ။
တစ်ခါတလေ စဉ်းစားမိတယ်။ ကမ္ဘာ့ဆရာများနေ့က ဒီဇင်ဘာလလေ။ ဒါကို ကိုယ့်နိုင်ငံက အောက်တိုဘာလထဲ ပြောင်း၊ တပည့်တွေက ဆရာေ တွအကုန် လုံးကို ကန်တော့ကြ။ ပြီးရင် ဆရာခင် ဗျား တပည့်တွေအပေါ် ခွင့်လွှတ်သည်း ခံရင်းနဲ့ တပည့်တွေအပေါ် မေတ္တာ ထားပါ။ ဒီလိုပေါ့။ ဆရာတစ်ဦးတည်း မဟုတ်ဘူးနော် တပည့်ကလည်း တပည့် စိတ်ထားဖို့တော့ လိုမယ်”ဟုလည်း ဦး အေးကြူက ပြောပါသေးသည်။
”မင်္ဂလာဒုံဘက်က ကျောင်းတစ် ကျောင်းဆိုရင် B ခန်းက လူက D ခန်းကဆရာမဆီမှာ အိမ်နားနီးလို့ သွား တက် တယ်။ ဒါကို B ခန်းက ဆရာမ က မကြိုက်ဘူး။ ဒီက စလိုက်တဲ့ ပြဿနာ ကို ရှင်းခဲ့ရသေးတယ်” ဟု ၄င်းတစ်ချိန် က ကြုံတွေ့ခဲ့ရသော အဖြစ်တစ်ခုကို ပြောပြသည်။
ထိုကဲ့သို့သော ပြဿနာများသည် ကျောင်းကြီးများတွင် ဖြစ်လေ့ဖြစ်ထမရှိ ဘဲ ကျောင်းသေးများတွင်သာ ဖြစ် ကြောင်း၊ သင်ရသည့် သင်ရိုးမျာြး ပား နေခြင်းကလည်း ကျောင်းသားများကို ဆရာများက ပြည့်ပြည့်ဝဝ မသင်ကြား နိုင်သည့် အချက်တစ်ချက်ဖြစ်ကြောင်း၊ အလယ်တန်းပြ အငြိမ်း စားဆရာမတစ်ဦး က ပြောသည်။
”ပထမနှစ်ဝက်စာကို အောက်တို ဘာအထိ သင်ရတယ်။ အပုဒ်ရေ ၈ဝ ကို တောင်မသင်နိုင်တော့ အပုဒ်ရေ ၁ဝဝ ကို ဘယ်လိုမှ မနိုင်ဘူး။ ပြီးတော့ အခုက တစ်နှစ်ကို ၇ ကြိမ်မဖြစ်မနေ စာမေးပွဲစစ်ရတယ်။ အဲဒီတော့ တစ်လ မှာ သုံးပတ်စာသင်ပြီး တစ်ပတ်က စာ မေးပွဲစစ်ရတော့ ဆရာမက ကျောက် သင်ပုန်းနဲ့ မျက်နှာ အပ်ပြီး အလုပ်လုပ် နေရတယ်။ နောက်ကကလေးတွေ စာရ ချင်ရ မရချင်နေသူမသိနိုင်တော့ဘူး”ဟု ၄င်းက ၄င်းစာသင်ခဲ့ရသည့် အတွေ့ အ ကြုံကို ပြောပြသည်။
ဆေးပင်စင်ယူလိုက်ရာတွင်အထက် ပါကိစ္စများက ၆ဝ ရာခိုင်နှုန်း ပါဝင် ကြောင်း၊ ထိုကိစ္စအားလုံးသည် ဂျာအေး သူ့အမေရိုက်သကဲ့သို့  ဖြစ်နေေ ကြာင်း ဆရာမက ညည်းညူ၍ ပြောသည်။
”အပေါ်ပိုင်းကလည်း ကျောင်း သား ၆ဝ၊ ၇ဝ နဲ့ ဆရာမ တစ်ယောက် တည်း ဘယ်လိုလုပ်နေလဲ၊ အောက်ခြေ မှာ ဘာဖြစ်နေလဲလို့ ကြည့်ဖို့ စိတ်မ ကူး ကြဘူး။ ဆရာမတစ်ယောက်က ဘာသာ တစ်ခုကို သုံးဆက်ရှင်၊ လေးဆက်ရှင် လောက်သင်ရတယ်”ဟု ၄င်းက ဆို သည်။
နောက်တစ်ချက်က သင်ရိုးများ သည် ခေတ်စနစ်နှင့် မကိုက်ညီတော့ ခြင်း ဖြစ်သည်။ ၄င်းတို့ ခပ်ငယ်ငယ်က သင်ခဲ့ရသော ဆယ်ပြားစေ့၊ ငါးပြားေ စ့ များသည် ယခုထိ သင်ပေးနေရတုန်းဟု ¤င်းက ပြောသည်။ မမြင်ဘူးဘဲ ပေါင်း နုတ်၊ မြှောက်စားလုပ်နေရတော့ က လေးများသည် မနိုင်ဝန် ထမ်းနေရသော အနေအထားဖြစ်ကြောင်း ဆရာမက ထောက်ပြသည်။
”သင်ရိုးတွေကို update မလုပ် တာတွေကို ပြင်ရမယ်၊ အနှစ် ၂ဝ ကျော် ဖတ်လာရတဲ့ စာအုပ်က အလွတ်ရနေပြီ” ဟု ဆရာမက စိတ်ပျက်စွာပြော သည်။လုပ်သက် ၁၆ နှစ်တွင် စာသင် ရခြင်းကို စိတ်ပျက်လာ၍ ငြီးငွေ့လာ၍ ပင်စင်ယူလိုက်ရကြောင်းပြောသောအခါတွင်တော့ ဆရာမသည် လွန်စွာ စိတ် ပျက်နေဟန်ရှိပါသည်။
ထို့အပြင် အခြားပြဿနာတစ်ခု မှာ လစာပြဿနာ။ တစ်သိန်းဆိုသော လစာသည် ဆရာမ တစ်ဦးအတွက်တော့ မလောက်ငဟု တောင်ဥက္ကလာမှ မူလ တန်းပြ ဆရာမတစ်ဦးက ပြောသည်။ ထို့ကြောင့်လည်း မဖြစ်မနေ ကျူရှင်သင် ရသည်ဟု ၄င်းက ယတိပြတ်ဆိုသည်။ နောက်မှာ ”ရုံးဝန်ထမ်း၊ သန့်ရှင်း ရေး ဝန်ထမ်းတစ်ဦးတောင် တစ်လကို ရှစ်သောင်းလောက်ရနေတာ”ဟု အ ထက်ပါ ဆရာမက ပြောသည်။
သို့သော် ပီတိကိုစား အားရှိနေ သော ဆရာများစွာ မြန်မာနိုင်ငံ တစ်နံ တစ်လျားတွင်ရှိနေသည်မှာလည်း ငြင်း ၍ မရပါ။ ငွေရေးကြေးရေး ကို ဘေး ဖယ် ထားပြီး မိမိ၏ ဝါသနာကို အရင်းတည် ကာ သင်ကြားပေးကြသော ဆရာများ ကြောင့် တောရွာများ၊ ဝေလံသီခေါင် သောနေရာများမှ ပညာ တတ် ကြီးများ ဖြစ်ကာ အဆင့်မြင့်ရာထူးများ ရရှိနေ ကြသူများလည်း များစွာရှိပါသည်။ ထို အရာများသည် ဆရာ့ကျေးဇူးကြောင့် ဆိုသည်ကို ငြင်း၍ မရ။ သို့ရာတွင် လုံ လောက်သော ဝင်ငွေတစ်ရပ်ဖန်တီးပေး နိုင်လျှင် ကျူရှင်ဟူသည် ပျောက်ကွယ် သွားနိုင်ကြောင်း သင်္ဃန်းကျွန်းမှအထက် တန်းပြဆရာမတစ်ဦးက ပြောသည်။
”လစာက မလောက်လို့ တားမြစ် တာတွေရှိပေမယ့် ကျူရှင်သင်ကြတာ ပဲ။ ဒါလည်း ခုမှရှိတာမဟုတ်ပါဘူး”ဟု အထက်ပါဆရာမက ပြောသည်။
သို့သော်ကျူရှင်ယူသည့် ကလေး ဖြစ်စေ၊ မယူသည့် ကလေးဖြစ်စေ၊ မိမိ ၏ သင်ကြားမှုကို နားထောင်ခြင်း၊လိုက် နာခြင်း၊တုံ့ပြန်ခြင်းမျိုးရှိလာပါက ဆရာ တစ်ဦးအနေနှင့်ပီတိဖြစ်ရကြောင်း၊ ဆရာ စစ်စစ်ဖြစ်သည်ဟုလည်း မိမိကိုယ်ကိုယ် ခံစားမိကြောင်း အထက်ပါ ဆရာမက ပြောပြသည်။
”ကျွန်မအတွက်တော့ ကျူရှင်ယူ ပြီးငါငွေပေးထားတာပဲ၊လုပ်ချင်ရာ လုပ် မယ်ဆိုတဲ့ကလေးမျိုးကို သဘောမကျ ပါဘူး။ အဲလိုကလေးမျိုးကိုလည်း သိပ် မသင်ပေးချင်ဘူး”ဟု ၄င်းကဆိုသည်။ကျူရှင်သည် ကလေးများအတွက်၊ မိဘများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ် ရန်လည်း လိုအပ်လှပါသည်။ မိဘက မတတ်နိုင်သော ကလေးများသည် ကျူ ရှင်မယူနိုင်ကြ။ ထိုအခါတွင် ပညာဒါန ကျောင်းများကိုသာ သူတို့ အားထားရ သည်။
”အတန်းပိုင် ဆရာမဆီမှာ ကျူရှင် ယူမယ်ဆိုရင် ဘာသာစုံကို သုံးသောင်း ခွဲ၊ သုံးဘာသာတည်းဆို နှစ်သောင်းခွဲ ရှိတယ်။ သားမတတ်နိုင်လို့ အပြင်က ပညာဒါနတွေမှာပဲ သွားသင်ရတယ်”ဟု အင်းစိန်မှ ဒသမတန်းကျောင်းသား မောင်ကိုကိုအောင်က ဆိုသည်။မည်သို့ပင်ဖြစ်စေ ကျူရှင် ဟူသော ခေါင်းစဉ်ကြောင့် ဆရာက တပည့်အ ပေါ်ထားသောစိတ်စေတနာ၊ သင်ကြား မှုစသည်တို့ပြောင်းမသွားစေလိုပါ။ ပွင့် သောပန်းတိုင်း မွှေးရန်မှာ ပန်းပျိုးသူတို့ ထံတွင်သာ တာဝန်ရှိသည် မဟုတ်ပါ လား။
အတွေးဖြင့် ကလေးများ ကစား ရာသို့ ကြည့်လိုက်တော့ ဖိုးသားလေး ဘောလုံးပိုက်ကာ ညှိုးငယ်သော မျက် နှာထားနှင့် ခြံထဲဝင်သွားသည်ကို တွေ့ ရသည်။ ကျောင်းစာလုပ်ချိန် ရောက်ပြီ၊ ပြီးရင် အိပ်စက်အနားယူပြီး နောက်နေ့ တွင်တော့ ဖိုးသားလေးကို ကျူရှင်မှ အိမ်စာများက စောင့်ကြိုနေ ဦးမည်။ ဒီ လိုနဲ့ပဲ သံသရာလည်နေတော့မည်လား။ စာမလုပ်ချင်တော့ဘူး။ စာတွေ များ တယ်။ ပင်ပန်းတယ်ဟု ဖိုးသားတစ် ယောက် အော်ငိုဦးမည် လား မသိ။
မေဇင်ဝင်း၊ ဝေယံမိုးမြင့်၊ မင်းသုအောင်
Popular Myanmar News Journal