Home » » သက်ပြည့်ပင်စင် ဗိုလ်ချုပ်ကို အားကစား ဒုဝန်ကြီး ခန့်အပ်

သက်ပြည့်ပင်စင် ဗိုလ်ချုပ်ကို အားကစား ဒုဝန်ကြီး ခန့်အပ်

Written By Unknown on Tuesday, July 30, 2013 | 3:40 PM

ရန်ကုန်၊ ဇူလိုင်၂၉

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီး များအား ပြောင်းလဲ တာဝန်ပေးခြင်းများ ဆက်တိုက် ပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းသည် မြန်မာနိုင်ငံက သတ်မှတ်ထားသည့် အငြိမ်းစားယူရသည့် အသက် ၆၀ ပြည့် ပြီဖြစ်သောကြောင့် တပ်မတော်မှ အငြိမ်းစား ယူရပြီ ဖြစ်၍ အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်... ဇူလိုင် ၂၉ရက်နေ့က ပြောင်းလဲ တာဝန် ပေးအပ်ခဲ့သည်။

နယ်စပ် စည်ပင် ဒုတိယဝန်ကြီး (ဗိုလ်ချုပ်ဟောင်း) ဦးဇော်ဝင်း ရောက်ရှိ လာသော်လည်း လက်ရှိ အားကစား ဒုတိယ ဝန်ကြီး ဦးသောင်းထိုက် ဆက်လက် ရှိဦးမည် ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန လူထုပညာ ဌာနခွဲမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကပင် နိုင်ငံ ပိုင် မီဒီယာများမှ ကြေညာချက် ကိုးခု ထုတ်ပြန်၍ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ ပြောင်းလဲ တာဝန်ပေး ခြင်း၊ ရာထူး ခန့်အပ်ခြင်းများ ပြု လုပ်ခဲ့ပြီး ဒုတိယ ဝန်ကြီး နှစ်ဦးကို ရာထူးမှ နုတ်ထွက်ခွင့် ပြုခဲ့သည်။

The Voice Weekly