Home » » ယာဉ်ထိန်းရဲ ၀တ်စုံနဲ့ ဒန်ဆာ "က"တဲ့ သရုပ်ဆောင် မင်းမင်းထွန်း ကို ဖမ်းဆီးအရေးယူ

ယာဉ်ထိန်းရဲ ၀တ်စုံနဲ့ ဒန်ဆာ "က"တဲ့ သရုပ်ဆောင် မင်းမင်းထွန်း ကို ဖမ်းဆီးအရေးယူ

Written By Unknown on Sunday, July 14, 2013 | 7:42 AM

ရန်ကုန်၊ ဇူလိုင် ၁၃

၁၃.၇.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် facebook တွင် ယာဉ်ထိန်းရဲ၏ ကကွက်ဆန်း ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့၊ အနော်ရထာလမ်းနှင့် ဆူးလေဘုရား လမ်းဆုံ မီးပွိုင့်၌ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝတ်စုံ ၀တ်ဆင်၍ လမ်းလယ်တွင် ယာဉ်ထိန်းရဲ လမ်းရှင်း အချက်ပြ နေပုံအား ဒန်ဆာအကဖြင့် သရုပ်ပျက် ကခုန် လက်ပြနေသူ သရုပ်ဆောင် မင်းမင်းထွန်း အား ဖမ်းဆီး အရေးယူထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။

facebook ပေါ်မှာ ဒန်ဆာကနေတဲ့ ယာဉ်ထိန်းရဲကို ရန်ကုန်တိုင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့  ၊ အမှတ်(၆) ဒုတပ်ခွဲမှူး ရဲမှူးသာဌေး က တွေ့ ရှိခဲ့ပြီး အဆိုပါ ဒန်ဆာအကရှင် ယာဉ်ထိန်းရဲမှာ ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဝင် တဦး မဟုတ်ဘဲ သရုပ်ဆောင် မင်းမင်းထွန်း ဆိုသူဖြစ်ပြီး (Mango)ကုမ္မဏီ၏ ဗီတာမင်(စီ)
ကြော်ငြာအတွက် ဒါရိုက်တာဇော်ကိုကိုမှ စီစဉ် ရိုက်ကူးခဲ့တာ ဖြစ်ကြောင်း စုံစမ်းသိရှိ ရသည်။

သရုပ်ဆောင် မင်းမင်းထွန်း ၀တ်ဆင် ရိုက်ကူးခဲ့သည့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ ၀တ်စုံအား ၎င်းတို့အစီအစဉ်ဖြင့် မင်္ဂလာဒုံဈေးမှ ချုပ်လုပ်ဝယ်ယူခဲ့ကြောင်း စုံစမ်း သိရှိခဲ့ရသဖြင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝတ်စုံအား ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် တစ်ဦး အဖြစ် အယောင်ဆောင်ဝတ်ဆင် အသုံးပြုခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့လယ်ရှိ လူအများ စည်ကားရာ နေရာတွင် ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျဆင်းအောင် ရည်ရွယ်ကာ ပူးပေါင်းပြုမူ ဆောင်ရွက်ခဲ့ကြ သူများဖြစ်သည့် (Mango)ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဒေါ်ခင်သက်ခိုင်၊ ဒါရိုက်တာဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွန်းတို့အား အရေးယူ ပေးပါရန် ရဲမှူးသာဌေးမှ တိုင်တန်းခဲ့၍ ကျောက်တံတား ရဲစခန်း(ပ)၂၄၄/၂၀၁၃၊ ပုဒ်မ ၁၇၁/၅၀၀/၁၁၄ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့  သတင်းထုတ်ပြန်ချက် မှာ ဖော်ပြထားပါသည်။

Myanmar News Now