Home » » သထုံမြို့ မှာ ဘုန်းကြီးမှ ငွေကျပ် သိန်းတစ်ရာကျော် ခိုးယူသူ ဖမ်းမိ

သထုံမြို့ မှာ ဘုန်းကြီးမှ ငွေကျပ် သိန်းတစ်ရာကျော် ခိုးယူသူ ဖမ်းမိ

Written By Unknown on Tuesday, July 9, 2013 | 7:19 PM

မွန်ပြည်နယ် သထုံမြို့ နေမိန္ဒရတောင်ခြေ၊ မြို့ရိုးရန်ကုန် ကျောင်းတွင် ဇူလိုင်လ (၄) ရက် နံနက်  (၀၈၀၀)ခန့်တွင် ဆရာတော် ဦးကုသလ သက်တော် (၅၁)၊ ၀ါတော် (၂၂) သည် သထုံမြို့မဈေးတွင် ဈေးဝယ်ပြီးပြန်ရောက်လာစဉ် ကျောင်းတိုက်ခတ်သည့် သော့ အနေအထားမှားယွင်းနေခြင်း၊ စားပွဲပေါ်တွင် တင်ထားသော Sumsung အမျိုးအစားဖုန်း၊ ပျောက်ဆုံးနေကြောင်းသိရှိရပြီး၊ အိပ်ခန်းအတွင်း ခုတင်အောက်ရှိ ငွေထည်ူထားသော သေတ္တာအား ထပ်မံစစ်ဆေးကြည့်ရာ ငွေကျပ် (၁၀၄)သိန်း၊ (၁)သောင်း ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် သထုံမြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့သည်။

အခင်းဖြစ်ပွားရာသို့ သထုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဥာဏ်လွင်၊ သထုံခရိုင်ရဲတပ်ဖွဲ့ ဒုစရိုက် နှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်အောင်သူနှင့် တပ်ဖွဲ့ဝင်များ၊ သထုံမြိုမရဲစခန်း စခန်းမှူး ရဲအုပ်ညွှန့်ဝင်း၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တင့်လွင်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး သက်သေခံကွင်းဆက်များ အတိုင်း ဆက်လက်စုံစမ်းထောက်လှမ်းရာ သထုံဆိုင်ကယ် တက္ကဆီဂိတ်တွင် မင်္သကာဖွယ်ရာ လူတစ်ဦးသည် အလှည့်ကျ ဆိုင်ကယ်တစ်စီးအား ဌာရမ်းပြီး မော်လမြိုင်ဘက်သို့ ထွက်ခွာသွားကြောင်း တာဝန်သိစွာ သတင်းပေးသဖြင့် ဆိုင်ကယ်တက္ကစီဂိတ်မှ တာဝန်သိသူများ၏ စီစဉ်ပေးမှုဖြင့် ယင်းဆိုင်ကယ်သွားရာ မော်လမြိုင်ဘက်သို့လိုက်လံခဲ့ရာ မော်လမြိုင်သို့ သွားရောက်ပို့ဆောင်ပေးသော ဆိုင်ကယ်နှင့် ပေါင်မြို့နယ်တွင် တွေ့ရှိပြီး ယင်းပို့ဆောင်ပေးသူဆိုင်ကယ်မောင်းနှင်သူမှ မော်လမြိုင်ဘက်သို့ ပြန်လည်လိုက်ပါပြီးရှာဖွေရာ ဈေးကြိုကားဝင်းအနီးတွင် မသကာင်္သူအား သထုံမြို့ အောက်ကျင်းရပ်ကွက်၊ ကန်ညီနောင်လမ်းနေ ၀င်းထွန်း (ခ) ဗိုက်ပေါက် (ဘ)ဦးသန်းအောင် နေသူအား Honda Wave အမျိုးအစား မီးခိုးရောင် ဆိုင်ကယ်နှင့်အတူ  သထုံရဲစခန်း၊သထုံခရိုင်ဒ/နအဖွဲ့နှင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်ပူးပေါင်းအဖွဲ့တို့က ဖမ်းဆီးနိုင်ခဲ့ပြီး ဆက်လက် စစ်ဆေးရာ ခိုးမှုကျူးလွန်ကြောင်းပေါ်ပေါက်ခဲ့သည်။

ယင်းနောက် တရားခံထံမှ ငွေစက္ကူရောရာ (၈၈၄၃၀၀၀ိ/-) ကျပ်၊ မောင်ဝင်ထွန်းအမည်ဖြင့် ရွှေဝယ်ဘောက်ချာ (၂)စောင်၊ (၁၇၃၀၀၀ိ/-)ကျပ်တန်ဘိုးရှိ ရွှေလက်စွပ် (၁)ကွင်း၊ တန်ဘိုး(၂၁၆၀၀၀ိ/-) တန်ဘိုးရှိ ရွှေဆွဲကြိုး (၁)ကုံး၊ (၁၁၅၀၀၀၀ိ/-)တန်ဘိုးရှိ Honda Wave အမျိုးအစား မီးခိုးရောင် (လိုင်စင်စိစစ်ဆဲ) တစ်စီး၊ SUMSUNG အမျိုးအစား ဖုန်း(၁)လုံး နှင့် တန်ဘိုး (၈၅၂၀၀ိ/-) တန်ဖိုးရှိ အ၀တ်အထည် နှင့် အပြာရောင်ကျော်ပိုးအိတ် (၁)လုံး၊ ပြောက်ကျား ဘေးလွယ်အိတ် (၁)လုံးတို့အား သိမ်းဆည်းနိုင်ခဲ့ပြီး၊ သထုံမြို့မ ရဲစခန်းက (ပ)၉၉/၂၀၁၃ ၊ ပြစ်မှုပုဒ်မ (၃၈၀)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းနှင့် တာဝန်သိပြည်သူများ ပူးပေါင်းဆောင်ရွက်မှုကြောင့် အမှုအား  (၄) နာရီ အတွင်းဖမ်းဆီးမိခဲ့ကြောင်း သိရှိရသည်။

 တော်ဝင်မီဒီယာ