Home » » ကျိုင်းတုံရပ်ကွက် နယ်မြေမှူး ကြိုးဆွဲချသေဆုံး

ကျိုင်းတုံရပ်ကွက် နယ်မြေမှူး ကြိုးဆွဲချသေဆုံး

Written By Unknown on Monday, July 8, 2013 | 2:28 PM

ကျိုင်းတုံ၊ ဇူလိုင်လ ၇

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်ဇူလိုင်လ ၄ ရက် ည ၈ နာရီ ၃၅ မိနစ်အချိန်က အမှတ် (၅) ရပ်ကွက် ရပ်ကွက်နယ်မြေမှူး ဦးအိုက်စိုင်းလုံသည် ကြိုးဆွဲချ သေဆုံးကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အမှတ် (၅) ရပ်ကွက် နယ်မြေမှူး အသက် ၅၈ နှစ်အရွယ်ရှိ ဦးအိုက်စိုင်းလုံသည် လမ်းမအောက်ရွာရှိ ၎င်း၏နေအိမ် အိပ်ခန်းအတွင်း အမြင့် ခုနှစ်ပေခန့်ရှိ ထုပ်တန်းတွင် ကြိုးဆွဲချ သေဆုံးခြင်း ဖြစ်ကြောင်း ယင်းမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက The Voice သို့ ပြောကြားသည်။

“နိုင်လွန်ကြိုးနဲ့ ကြိုးဆွဲချသေဆုံးတာ” ဟု ၎င်းကဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် ကြိုးဆွဲချ သေဆုံးသူတစ်ဦး ကျိုင်းတုံ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ရောက်ရှိလာသည့် အတွက် ဆေးစစ်ချက်များ ရယူခဲ့ကြောင်း ယင်းမြို့နယ်မှုခင်း ဆရာဝန်ကြီး ဒေါက်တာဉာဏ်မင်းထွန်းက The Vocie သို့ အတည်ပြု ပြောကြားသည်။

“မိသားစုအားလုံးနဲ့လည်း ဘာပြဿနာမှမဖြစ်ဖူး၊ အားလုံးနဲ့ အဆင်ပြေရဲ့သားနဲ့ ဘာလို့ဒီလို လုပ်လိုက်တာလည်း မသိဘူး” ဟု သေဆုံးသူ၏ သားဖြစ်သူ ကိုထွန်းလတ်က The Voice သို့ ပြောဆိုသည်။

ရန်နိုင်(သီလဝ)

The Voice Weekly