Home » » ပွင့်လင်း လွတ်လပ် ခေတ်ဆို သော်လည်း ထောက်လှမ်းရေး တစ္ဆေများ မကျွတ်မလွတ်ရှိ နေဆဲ

ပွင့်လင်း လွတ်လပ် ခေတ်ဆို သော်လည်း ထောက်လှမ်းရေး တစ္ဆေများ မကျွတ်မလွတ်ရှိ နေဆဲ

Written By Unknown on Wednesday, July 31, 2013 | 4:41 PM

မြန်မာနိုင်ငံ မန္တလေးမြို့။ ။အများပြည်သူ၏နေ့စဉ်ဘဝများကို ပိုမိုပွင့်လင်း လွတ်လပ်သည့်အခြေအနေ မျိုး ဆောင်ကြဉ်းပေးရန် မြန်မာအစိုးရ သစ်က ကတိကဝတ်ပြုထားသည်မှာ ၂ နှစ်ကျော်လာခဲ့ပါပြီ။ သို့သော် ကျောင်း သားခေါင်းဆောင်ဟောင်းဦးမြအေး တစ်ယောက် အိမ်ပြန်လာမည့်အချိန်ကို အရပ်ဝတ်ထောက် လှမ်းရေးအရာရှိများ ကဆက်လက်မေးမြန်းစုံစမ်းနေတုန်းပါ ပဲ။

လူကျပ်ကျပ် လမ်းဘေးလက်ဖက် ရည်ဆိုင်တွေမှာလည်း ဒီမျက်နှာတွေပဲ။ ဖုန်းတွေလည်းခဏခဏဆက်။ မော် တော်ဆိုင်ကယ်နဲ့ နောက်ကတစ် ကောက်ကောက်လိုက်။ ဒီလိုနဲ့ သံတ မန်တွေ၊ စာရေးဆရာတွေ၊ ဂျာနယ်လစ် စာနယ်ဇင်းသမားတွေ၊ နိုင်ငံရေးသမား တွေဟာ စောင့်ကြည့်ခံနေရပါတယ်။

''အရင်တုန်းကလောက်တော့ မ ဆိုးပါဘူး။ ဒါပေမဲ့လည်း တကယ်စိတ် ပျက်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့ကို ရာဇဝတ်သားတွေလို ဆက်ဆံနေတာပါ။ မိသားစုဝင်တွေကိုလည်း လိုက်လံနှောင့် ယှက်နေပါတယ်။ ဒါဟာ မလေးစားတဲ့ သဘော၊ ခြိမ်းခြောက်နေတဲ့ သဘောပါ ပဲ။ ဒါမျိုးတွေ မဖြစ်သင့်တော့ပါဘူး''လို့ ဒီကနေ့အချိန်မှာ နိုင်ငံသားအခွင့်အ ရေးတွေအတွက် အချိန်ပြည့် နှစ်မြုပ် လုပ်ကိုင်နေတဲ့ ဦးမြအေးက ဆက်လက် ပြောကြားပါတယ်။

သဘောထားကွဲလွဲသူများကို နှိပ် ကွပ်ရန် အလွန်ကျယ်ပြန့်တဲ့ ထောက် လှမ်းရေးကွန်ရက်များ တည်ဆောက်ပြီး တိုင်းပြည်ကိုဆယ်စုနှစ်ငါးခုနီးပါး အုပ် ချုပ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို ရပ် တန့်ဖို့ ၁၉၈၈ ခုနှစ်မှာ လှုပ်ရှားထကြွ ခဲ့ကြပါတယ်။ ဦးမြအေးဟာ အဲဒီမအောင်မြင်ခဲ့တဲ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ကျောင်းသားခေါင်းဆောင်တစ် ယောက်ဖြစ်ပါတယ်။

လွန်ခဲ့သောနှစ်များက နင်းပြား ဘဝရောက်နေတဲ့ အများပြည်သူတွေရဲ့ အသိတရားထဲ စိုးရိမ်ကြောင့်ကြမှု ပျံ့ နှံ့သွားအောင်၊ တစ်လုံးတစ်ပါဒမျှ ဖွင့် ဟမပြောရဲအောင်၊ သဘောထားကွဲလွဲ သူ ထောင်ပေါင်းများစွာတို့ကို ထောင် ချပစ်ခဲ့ကြပါတယ်။

အတိုက်အခံများက ကန့်ကွက်ခဲ့ တဲ့ ရွေးကောက်ပွဲအပြီး ၂ဝ၁၁ ခုနှစ် မှာ ယခင်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ် သူ ဦးသိန်းစိန်သမ္မတဖြစ်လာပါတယ်။ အဲဒီအချိန်ကစပြီး ဖိနှိပ်မှုအတိုင်းအ တာသိသိသာသာ လျော့ပါးလာခဲ့တာ ပါ။ အစိုးရက သူ့ပြည်သူတွေကို စုံစမ်း ထောက်လှမ်းမှုတွေလုပ်တာကို ရပ်တန့် ပေးခဲ့တယ်။ နေ့စဉ် လွတ်လပ်စွာ ပြော ဆိုခွင့်ဟာလည်း တော်တော်လေး အ ကောင်အထည်ပေါ်လာပါပြီ။

သို့သော် ငြားလည်း ''အကျင့်ဟောင်းတွေဟာ ပျောက်ဖို့ ခက်ခဲပါတယ်''လို့ အကျဉ်း ထောင်ထဲမှာ နှစ် ၂ဝ လောက် နေခဲ့ရ တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝင်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က AP သတင်းဌာနကို တယ်လီ ဖုန်းနဲ့ပြောနေစဉ်မှာပဲ ယခုတယ်လီ ဖုန်းလိုင်းကို ကြားဖြတ်နားထောင်နေမှာ စိုးရိမ်ကြောင်း ပြောပါတယ်။

NLD ပါတီဌာနချုပ်ရှေ့ လမ်း တစ်ဖက်က လက်ဖက်ရည်ဆိုင်တွေမှာ ရဲအရာရှိ ၆ ယောက်မှ ၈ ယောက်အထိ နေ့စဉ်စောင့်ကြည့်နေပြီး ဘယ်သူတွေ လာလဲဆိုတာ မှတ်သား၊ ရံဖန်ရံခါလည်း ဓာတ်ပုံရိုက်တာမျိုး လုပ်နေကြပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထောက်လှမ်းရေးအေးဂျင့်တွေ ဘယ် လောက်ရှိမလဲဆိုတာတော့ မသိနိုင်ပါ ဘူး။ အနည်းဆုံးတော့ သတင်းထောက် လှမ်းစုဆောင်းရေး လုပ်ငန်းလုပ်တဲ့ အဓိကအဖွဲ့အစည်းကြီး ၂ ခုရှိပါတယ်။ စစ်ဘက်ဆိုင်ရာလုံခြုံရေးနဲ့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံသတင်းတပ် ဖွဲ့ပါ။

''ဒီကနေ့ခေတ်မှာ ဘယ်သူဘယ်ဝါ နောက်ကို လိုက်လံထောက်လှမ်းဖို့ အထက်က အမိန့်ပေးစေခိုင်းတာမျိုး မရှိပါဘူး။ ငယ်ရွယ်ပြီး တချို့အတွေ့အ ကြုံနုသေးတဲ့ အေးဂျင့်တွေကိုသာ သူ တို့တာဝန်ယူရတဲ့ နယ်မြေခွင်ထဲမှာ တွေ့တဲ့ လူစိမ်းတွေ၊ ထူးခြားဖြစ်စဉ်တွေ ကို အထက်ကိုသတင်းပို့ပေးဖို့ တာဝန် ပေးတာမျိုးပဲရှိပါတယ်''လို့အမည်မဖော်
လိုတဲ့အလယ်အလတ်အဆင့်ရှိ အရာရှိ တစ်ဦးက ပြောပါတယ်။

ယခုနှစ် အစောပိုင်းမိတ္ထီလာမြို့ မှာ လူမျိုးရေးအဓိကရုဏ်းကြောင့် ဆုံးရှုံး ပျက်စီးခဲ့တဲ့ နေရာတွေကို လေ့လာဖို့ အေပီသတင်းထောက်တွေသွားရောက် ခဲ့ပါတယ်။ စောင့်ကြည့်နေသူတွေဟာ နေရာအနှံ့ရှိနေပြီး နှစ်ဦးကတော့နောက် ကနေဆိုင်ကယ်နဲ့ ကပ်လိုက်လာခဲ့ပါတယ်။

မန္တလေးမြို့မှာ တည်းခိုတဲ့အခါ ဟိုတယ်ရှေ့မှာ စောင့်နေသူတွေပိုများ ပြီး ဂျာနယ်လစ်အဖွဲ့ဟာ သူတို့ကိုမျက် ခြည်ဖြတ်ဖို့ ကြိုးစားရပါတယ်။ နောက် ဆုံးလူထူထပ်တဲ့ဘုရားကျောင်းကန် တစ်ခုထဲဝင်ပြီး နောက် ဘက်တံခါး ပေါက်ကပြန်ထွက်။ ဒါမှသာ ပဋိပက္ခဖြစ် စဉ်ကနေ ရှင်ကျန်ရစ်သူတွေကို မေး မြန်းစုံစမ်းလို့ရပါတယ်။ အာဏာပိုင် တွေ က
သူတို့အိမ်မှာတွေ့ဆုံခွင့်မပေးတဲ့အတွက်ကြောင့် သူတို့ဟာ ကြောက် ရွံ့နေကြတာပါ။

''ဂျာနယ်လစ်သတင်းသမားတွေ ကိုသတင်းတပ်ဖွဲ့က စောင့်ကြည့် ထောက် လှမ်းတာမရှိပါဘူး။ ဒီကိစ္စက ထင်ယောင်ထင်မှားဖြစ်တာပါ''လို့ သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးရဲ ထွဋ်က ထိုအချိန်က အစဉ်တစိုက်ပြော ဆိုဖြေရှင်းခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကာလတုန်းက အကျဉ်းသားတွေနဲ့ အထိန်းသိမ်းခံရသူ တွေကို အိပ်စက်ခွင့်မပေးတာတို့၊ သတိ လစ်သွားတဲ့အထိ ထိုးကြိတ်ကန်ကျောက် တာတို့ စတဲ့ညှဉ်းပန်းနှိပ်စက်မှုတွေ ထောက်လှမ်းရေးအဖွဲ့တွေက လုပ်ခဲ့ပြီး ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းမှာ လည်း ဆန္ဒပြသူတွေကိုသတင်းတပ်ဖွဲ့ က ဓာတ်ပုံနဲ့ဗီဒီယိုရိုက်ထားပြီး နောက် မှာ လူထောင်နဲ့ချီပြီး ဖမ်းဆီးခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်သူတွေက ပြောပါတယ်။

''ဖမ်းဆီးမှု၊ ထိန်းသိမ်းမှုနဲ့ တစ်ခါ တစ်ရံညှဉ်းပန်းနှိပ်စက်မှုတွေ ရှိနေတုန်း ပဲ။ သို့သော် တစ်စိတ်တစ်ပိုင်းအားဖြင့် မီဒီယာနဲ့တက်ကြွလှုပ်ရှားသူတွေဟာ ဒီလိုဖြစ်တာနဲ့ သတင်းပေးနိုင်လို့ ဖြစ် ပွားမှုနှုန်း သိသိသာသာကျဆင်းလာပါ တယ်'' လို့ နယူးယောက်အခြေစိုက် လူ့ အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ မြန်မာ့ အရေးကျွမ်းကျင် သူ ဒေးဗစ်မက်သီဆန် က ပြောပါတယ်။

အထူးသဖြင့် တစ်ချိန်တစ်ခါက ထောက်လှမ်းရေးရဲ့ သားကောင် သို့မ ဟုတ် ရန်ဘက်ဖြစ်ခဲ့ရတဲ့ လှုပ်ရှားတက် ကြွသူတွေ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေဟာ အခုလိုပြုပြင်ပြောင်းလဲ ရေးဖြစ်စဉ်ရဲ့ အဓိကအစိတ်အပိုင်းဖြစ် လာရတဲ့အခါမှာ လျှို့ဝှက်ထောက လှမ်း ရေးတပ်ဖွဲ့ဝင်တွေဟာ နောက်ဆုံးကျမှ ပဲ ပြောင်းလဲတတ်တဲ့ သဘာဝမျိုးရှိပါ တယ်။ ၂ဝ၁၁ ခုနှစ်မတိုင်ခင်ကဆိုရင် ရဲတပ်ဖွဲ့တွေ၊ တရားရုံးတွေနဲ့ စစ်တပ်က တရားဥပဒေ စိုးမိုးမှုခေါင်းစဉ်အောက် ကနေ သူတို့ရန်ဘက်တွေကို ခြိမ်း ခြောက်လို့ရတယ်။

ဂျာနယ်လစ်သတင်း သမားတွေကို ခြောက်လှန့်လို့ ရတယ်။ ဝေဖန်တဲ့သူတွေကိုလည်း ထောင်ချပစ် လို့ရကြပါတယ်။ အခု သူတို့အခုလို လုပ်ခွင့်မရှိတော့ပါဘူး။ သတိထားရပါ တယ်။ စောင့်ကြည့် ထောက်လှမ်းရမယ့် သူတွေလည်း နိုင်ငံသားတွေရော၊ နိုင်ငံ ခြားသားတွေပါ များပြားလာသလို တာ ဝန်ပေးမှု သဘောတရားကလည်း ကျိန်း သေမှုနည်းလာပါတယ်။

နိုင်ငံရေးအစီ အစဉ်တွေကလည်း နားလည်ရမလွယ် ကူပါဘူး။ ဒါတွေဟာအခုသူတို့ တွေ့ကြုံ နေရတဲ့ စိန်ခေါ်မှုတွေပါ။

မြေယာအခွင့်အရေး လှုပ်ရှားသူ ဦးဝင်းချိုက ဒီပြဿနာကို သူ့နည်းသူ့ ဟန်နဲ့ ဖြေရှင်းပုံကို အခုလိုပြောပြပါ တယ်။ ''ကျွန်တော်လုပ်မယ့် အစီအစဉ် အားလုံး သူတို့ကိုပြောပြရုံပါပဲ။

အာဏာ ရှိတဲ့သူတွေ၊ ချမ်းသာကြွယ်ဝတဲ့သူတွေ ရဲ့မြေယာသိမ်းပိုက်မှုတွေကို ဆန့်ကျင် နေတဲ့လယ်သမားတွေကို ကူညီဖို့ ရံဖန်ရံခါ ရန်ကုန်မြို့ပြင်ထွက်ရပါတယ်။ အဲဒီအခါ သတင်းတပ်ဖွဲ့ကို ဆန္ဒပြဖို့ ရှိ တယ်။ ဘယ်အချိန်ပြမယ်၊ ဘယ်လိုပြ မယ်၊ဘယ်နေရာမှာပြမယ်ဆိုတာ ပြော ပြလိုက်တယ်။ သူတို့ကျွန်တော့်နောက် ကိုလိုက်ပြီး ဒုက္ခခံစရာမလိုတော့ပါဘူး။ သူတို့အားလုံး သိပြီးသားတွေပါ''

ဒေသခံရဲတပ်ဖွဲ့တွေက သတင်း ပေးတွေကို သူတို့ဘာသာ မွေးထားပါ တယ်။ ဒါကို လွှတ်တော်ကိုယ်စားလှယ်ဦး ဝင်းထိန် မိတ္ထီလာကို လာတုန်းက လိုက် လံစောင့်ကြည့်ရတဲ့ သတင်းပေးတစ်ဦး က အေပီသတင်းထောက်တွေနောက် ကိုလိုက်ရင်း ပြောပြခဲ့ပါတယ်။ အခုလို ပြောပြရတဲ့အကြောင်းရင်းကိုတော့ ၎င်းက ပြောဆိုဖို့ ငြင်းဆိုခဲ့တယ်။

လူမျိုး ရေး အဓိကရုဏ်းတွေကို ထိန်းသိမ်းဖို့ အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပျက်ကွက်မှုကို ထိုစဉ်က ဦးဝင်းထိန်က ဝေဖန်ခဲ့သူပါ။
စစ်တွေမြို့အနောက်ပိုင်းကို AP ဂျာနယ်လစ်အဖွဲ့တစ်ဖွဲ့ သွားတုန်းက လက်နက်ကိုင်ရဲတပ်ဖွဲ့တွေဟာ ထက် ကြပ်မကွာ လိုက်ခဲ့ပြီး သူတို့ကြားသမျှ ကို မှတ်သားရေးချကြပါတယ်။

လူမျိုး ရေးအဓိကရုဏ်းဒုက္ခသည်တွေရဲ့ စခန်း တွေမှာတွေ့ဆုံမေးမြန်းစဉ် ရဲအရာရှိ တွေဟာ ရောက်လာတတ်ကြတယ်။ ပြီးတဲ့အခါ ဂျာနယ်လစ်တွေနဲ့ ဘယ်သူ တွေတွေ့သလဲ၊ ဘာတွေ မေးသလဲ စုံ စမ်းမေးမြန်းကြပါတယ်။

ယခုနှစ် အစောပိုင်းက ကုလမူး ယစ်ဆေးဝါး ပပျောက်ရေးအေဂျင်စီနဲ့ အတူ ရှမ်းပြည်အရှေ့ဘက်တောင်တန်း ဒေသကို အေပီဂျာနယ်လစ်တွေ သွား ခဲ့တုန်းကလည်း မူးယစ်ထိန်းသိမ်းရေး ဗဟိုကော်မတီက မူးယစ်ရဲတပ်ဖွဲ့ဝင်သုံး ဦးပါတဲ့ အဖွဲ့တစ်ဖွဲ့က လိုက်လံစောင့် ကြည့်ခဲ့ပါတယ်။

ဆယ်စုနှစ်များစွာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရှိတဲ့ နေရာ ဒေသဖြစ်တဲ့အတွက် ဂျာနယ်လစ် သတင်းသမားတွေရဲ့ လုံခြုံရေးကို ကူညီ ဖို့ လိုက်လာတာလို့ ပြောကြပါတယ်။

သို့ပေမယ့် ရွာသားတွေနဲ့ အင်တာဗျူး လုပ်တဲ့အခါ ရုပ်ရှင်မှတ်တမ်းတင်ကြပြီး ညတိုင်းလက်ရေးနဲ့ရေးထားတဲ့ အစီရင် ခံစာများကို ဌာနချုပ်ရှိရာနေပြည်တော် ကို ဖက်စ်ပို့ကြတာတွေ့ရပါတယ်။

ဘာကြောင့် အခုလို လုပ်ရသလဲ ဆိုတာကို မေးမြန်းကြည့်တဲ့အခါ ''သင် တို့ဟာ ကျွန်တော်တို့ရဲ့အထူးဧည့်သည် များဖြစ်လို့ ဘာတွေလုပ်လဲ၊ ဘယ်သူနဲ့ စကားပြောလဲ၊ ဘာတွေစားလဲဆိုတာ တွေ အားလုံးမှတ်တမ်းတင်ထားချင်လို့ ပါ''လို့ ရဲမှူးအဆင့်ရှိတဲ့ ရဲအရာရှိတစ် ဦးက ဖြေကြားခဲ့ပါတယ်။ ။


ဤသတင်းဆောင်းပါးကို TODD PITMAN ရေးသား၍ နယူးဒေလီမှ တင်ဆူလီဗန်၊ ဘန်ကောက်မှ ဂျိုစီလင်း ဂက်ကာ၊ ရန်ကုန်မှရတနာထွန်းနှင့် အေးအေးဝင်းတို့မှ သတင်းအချက်အလက်များကို ကူညီပံ့ပိုးပါသည်။ In Myanmar, internal spy network lives on သတင်းဆောင်းပါးကို လက်ျာထွန်း မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုသည်။

Popular Myanmar News Journal