Home » » လူသတ်ပြီး ဆိုင်ကယ်လုသူများအား ဖမ်းဆီးရမိ

လူသတ်ပြီး ဆိုင်ကယ်လုသူများအား ဖမ်းဆီးရမိ

Written By Unknown on Monday, July 29, 2013 | 4:10 PM

နေပြည်တော်၊ ဇူလိုင် ၂၉

၉-၇-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာ အုပ်ချုပ်ရေးမှူးမှ စိမ်းကလဲ့ကျေးရွာ၊ ရွှေသံလွင်ရာဘာစိုက်ခင်း စိုက်ကွက်အမှတ်(၅-၆)ကြား မီးတားလမ်း ပေါ်တ...ွင် လူတစ်ဦးမှောက်လျက်လဲကျနေကြောင်း ကျိုက်ထိုမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့သဖြင့် ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ အသက်(၂၂)နှစ်ခန့်အရွယ်၊ အမည်မသိအမျိုးသားတစ်ဦး အား ဆိုင်ကယ်စီး ဦးထုပ်ဆောင်းလျက် ကျောကုန်းယာဘက်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ လည်ပင်းပြတ်ရှ(၁)ချက် တို့ဖြင့် မှောက်လျက်လဲကျနေသည်ကို တွေ့ရှိရသဖြင့် ကျိုက်ထိုမြို့မရဲစခန်း(ပ)၁၂၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေုးယူဆောင်ရွက်ခဲ့သည်။

အမှုမှ သေဆုံးသူသည်မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်ရန်နှင့် ပြစ်မှုကျုးလွန်သူအား ဖမ်းဆီး ရမိရေးအတွက် ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်များမှ စုံစမ်းဖော်ထုတ်ခဲ့ရာ သေဆုံးသူမှာ ကျိုက်ထို မြို့နယ်၊ ပေ(၈၀)ကျေးရွာနေ ကိုလတ်(ခ)ရဲမင်းလတ်(၂၇)နှစ်ဖြစ်ပြီး ဆိုင်ကယ်ကယ်ရီမောင်းသူ ဖြစ်ကြောင်း သိရှိရသည်။ အမှုနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းခဲ့ရာ သက်သေများ၏ထွက်ဆိုချက်များအရ လည်းကောင်း ကျိုက်ထိုမြို့ ““ရိုးရိုးလေး”” ကားဂိတ်တွင် တပ်ဆင်ထားသော CCTV မှတ်တမ်းများအရ ၉-၇-၂၀၁၃ ရက်နေ့ ၁၆၂၅ အချိန် ကျိုက်ထိုမြို့၊ ကံကော်ရပ်ကွက်ရှိ ““ရိုးရိုးလေး”” ကားဂိတ်ရှေ့တွင် သေဆုံးသူသည် ၎င်းင်းပိုင် ၂၆ယ/xxxxx ဝေ့ဖ်အက်စ် အဖြူရောင်ဆိုင်ကယ်ဖြင့် တက္ကစီဂိတ်ထိုးနေစဉ် အသက်(၂၂)နှစ်ခန့် အရပ် ၅ ပေ ၂ လက်မခန့်၊ ဆံပင်တို၊ မေးရိုးချွန်၊ မျက်နှာသွယ်၊ အသားလတ်၊ ကျောပိုးအိတ်အနက်ရောင်ပါရှိပြီး ဘောင်းဘီတိုအဖြူရောင်ဝတ်ဆင်ထားသော လူငယ်တစ်ဦးက ဆိုင်ကယ်ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသဖြင့် ဆက်လက်စုံစမ်းရာ ၎င်းအမည်မသိ ဆိုင်ကယ်ငှားရမ်းသူလူငယ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ““အလိုင်နီ”” ရာဘာခြံတွင် ခြံစောင့်လုပ်ကိုင်သူ ဦးသန်းထွန်း၏ သားမက်ဖြစ်ကြောင်း သိရှိရသည်။

၎င်းအပြင် အခင်းဖြစ်ပွားသည့်နေ့ ၁၇၀၀ အချိန်ခန့်တွင် သေဆုံးသူနှင့် အမည်မသိလူငယ်တို့ (၂)ဦးသည် ဒေါင်းတောင်ကျေးရွာရှိ လ္ဘက်ရည်ဆိုင်သို့ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဖုန်းဆက်ခဲ့ကြောင်း၊ ဖုန်းဆက် ပြီးနောက် ၎င်းင်းတို့(၂)ဦးသည် စိမ်းကလဲ့ရွာ၊ မြေနီလမ်းအတိုင်း ဆိုင်ကယ်မောင်းဝင်လာပြီး ဒေါ်ဇာဇာဝင်း နှင့်ဒေါ်အေးအေးဝင်းတို့၏ နေအိမ်ရှေ့အရောက်တွင် ““ဒေါ်အုန်းတင်၏အိမ် ဘယ်အိမ်လဲ”” ဟု မေးမြန်းပြီး ရွာတစ်ပတ်ပတ်ကာ ၀င်လာသည့်လမ်းကြောင်းအတိုင်း ပြန်ထွက်သွားကြောင်း စုံစမ်းသိရှိရသည်။

၁၀-၇-၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန်တွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျုးလွန်သူများနေထိုင်ရာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အလိုင်နီကျေးရွာဘက်သို့ သွားရောက် စုံစမ်းရာ ၎င်းင်းရွာအနီး ရာဘာခြံရှိနေအိမ်၌ ပြစ်မှုကျူးလွန်သူ ထွန်းထွန်း(ခ)နိုင်လင်းထွန်းအား သက်သေခံ ပစ္စည်းဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ပြစ်မှုကျုးလွန်ရာတွင် ဇော်ထွန်း(ခ)ကုလား ပါဝင်ကြောင်း သိရှိရ သဖြင့် ဇော်ထွန်း(ခ)ကုလားအား ထိုနေ့ ၂၀၀၀ အချိန်တွင် ပဲခူးမြို့နယ်၊ ဆယ်မိုင်ကုန်း၊ အလိုင်နီကျေးရွာ အနီး ရာဘာခြံရှိ၎င်း၏နေအိမ်မှ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျုးလွန်ရာတွင်အသုံးပြုသည့် သက်သေခံ အရိုးအသွား ၁၁ လက်မခန့်ရှိ တစ်ဖက်အသွားချွန် ဓါးမြှောင်(၁)ချောင်းအား အခင်းဖြစ်နေရာနှင့် ပေ ၄၀ ခန့်အကွာ ရာဘာပင်ကြားထဲမှ သိမ်းဆည်းရမိခဲ့သည်။ သို့ဖြစ်၍ ပြစ်မှုကျုးလွန်သူ ထွန်းထွန်း(ခ)နိုင်လင်းထွန်းနှင့် ဇော်ဝင်းထွန်း(ခ)ကုလားတို့အား ဥပဒေနှင့်အညီတရားစွဲဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်