Home » » ၁၁ နှစ်ကြာကျောင်းမတက်ဘဲ ရာထူးတိုးခံရသည့် ဆရာမ ရာထူးနှင့် လစာရပ်ဆိုင်းခံရ

၁၁ နှစ်ကြာကျောင်းမတက်ဘဲ ရာထူးတိုးခံရသည့် ဆရာမ ရာထူးနှင့် လစာရပ်ဆိုင်းခံရ

Written By Unknown on Tuesday, July 2, 2013 | 11:05 AM

ရန်ကုန် -  ဇွန် - ၃၀ ။                ။ ၁၁ နှစ်ကြာ ကျောင်းမတက်ဘဲ ရာထူးတိုးခံရသည့် ရခိုင်ပြည်နယ် တောင်ကုတ် မြို့မှဆရာမကို လက်ရှိတွင် ယင်း ၏ ရာထူးနှင့်လစာအား ရပ်ဆိုင်း ထားကြောင်း တောင်ကုတ်မြို့ နယ် ပညာရေး မှူး ဦးကျန်သိန်း က အတည်ပြုပြောသည်။ တောင်ကုတ်မြို့ပေါ်တွင် နေထိုင်ပြီး အဆိုပါမြို့နယ် ဘူးရွှေ မော်ကျေးရွာရှိ မူလတန်း (လွန်) ကျောင်းတွင် တာဝန်ကျနေသည့် မူလတန်းပြဆရာမတစ်ဦးသည် တာဝန်ကျနေ သည့် ကျောင်း သို့ ၁၁ နှစ်ကြာအထိ ကျောင်းတက် ရောက်မှုမရှိဘဲ ယင်းအား သက် ဆိုင်ရာမှ မူလတန်းပြမှ အလယ် တန်းပြအဖြစ်သို့ ယခုနှစ်ဇွန်လ အတွင်းက ရာထူးတိုးပေးလိုက် ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက် ၍ တောင်ကုတ်မြို့နယ် ပညာရေး မှူးဦးကျန်သိန်းက ''ခုလောလော ဆယ်တော့ ဒီဆရာမရဲ့ ရာထူးနဲ့လ စာကို ခေတ္တရပ်ဆိုင်းထားပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ပြည်နယ် ပညာရေးမှူးရုံးကိုလဲ တင်ပြထား ပါတယ်။ ပြည်နယ်ကအမိန့်ကိုပဲ နာခံပြီးတော့ ကျွန်တော်တို့ဆက် လက်ဆောင်ရွက်သွားမှာပါ''ဟု ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ပြောသည်။ စစ်ဆေးရေးအဖွဲ့နှင့် ရုံးအ ဖွဲ့တို့မှ ဂရုတစိုက်စစ်ဆေးဆောင် ရွက်ခြင်းမရှိခဲ့ သည့် အတွက် အ ဆိုပါဆရာမအနေဖြင့် ယခုကဲ့သို့ ၁၁ နှစ်ကြာကျောင်းမတက်ဘဲ လစာပုံမှန်ထုတ်၍ရနေခဲ့ခြင်းဖြစ် ကြောင်း ဦးကျန်သိန်းက ဆက် လက်ပြောသည်။

အဆိုပါ ဆရာမအား ၁၁ နှစ်ကျော်ကြာ ကျောင်းမတက် ဘဲ ရာထူးတိုးပေးလိုက်ခြင်းမှာ မဖြစ်သင့်ဟု ယူဆသည့်အတွက် ယင်းဆရာမ တာဝန်ကျရာ ဘူး ရွှေမော် မူလတန်း(လွန်)ကျောင်း မှ ကျောင်းအကျိုးတော်ဆောင် အဖွဲ့သည် ဇွန် ၂၂ရက်က တောင် ကုတ်မြို့နယ် ပညာရေးမှူးရုံးသို့ တိုင်ကြားခဲ့သော်လည်း သက်ဆိုင် ရာမှ မည်သည့်တုံ့ပြန်ဖြေကြားမှု ကိုမျှ မရရှိသေးကြောင်း ကျောင်း အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးမိုးနိုင်၏ ပြောပြချက်အရ သိ ရသည်။

အဆိုပါ ဆရာမမှာ ၂၀၀၄ ခုနှစ်ခန့်က မူလတန်းပြဆရာမ အဖြစ် ဘူးရွှေမော်ကျေးရွာသို့ တာဝန်ကျခဲ့သော်လည်း မိဘနှစ် ပါး၏ ကျန်းမာရေးအခြေအနေ ကြောင့် တာဝန်ကျရာဒေသသို့ သွားရောက် စာသင်ကြားမပေး နိုင်ဘဲ ဒေသခံများ နှင့် ညှိနှိုင်း ကာ နားလည်မှုဖြင့် တောင်ကုတ် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်းတွင် အလုပ် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ယင်းဆရာမ အနေဖြင့် သူ့ ကိုယ်စား တခြားကျောင်းဆရာ တစ်ဦးအား လစာထက်ဝက်ပေး ဖြင့် အဆိုပါကျေးရွာတွင် အစား ထိုးပြသစေခဲ့ပြီး ဆရာမအနေ ဖြင့် ယခုနှစ် ဇွန်လမှ စတင်ကာ တာဝန်ကျသည့် ဘူးရွှေမော်ကျေး ရွာသို့ သွားရောက်တာဝန်ထမ်း ဆောင်မည်ဖြစ်ကြောင်း ရာထူး တိုးခြင်းခံရသည့် ဆရာမဒေါ် ------ က ပြောသည်။ ဆရာမဒေါ်--------က ''အဲဒီရွာကို ဒီနှစ်ထဲမှာ ကျွန်မတစ် ခေါက်သွားခဲ့ပြီးပါပြီ။ ကျွန်မသွား တုန်းက ကလေးတွေမှာ စာအုပ် စာတမ်း တွေမစုံသေးဘူး။ ဒါကြောင့် ကျွန်မ မြို့တစ်ခေါက်ပြန်မယ်။ မကြာမီတော့ ကျွန်မအဲဒီရွာကို သွားရောက်မှာပါ''ဟု ရန်ကုန် တိုင်းမ်နေ့စဉ်သတင်းစာသို့ ပြော သည်။ ကျောင်းမတက်ဘဲ ရာထူး တိုးပေးလိုက်သည့် အတွက် ယင်း အား သက်ဆိုင်ရာမှ ရာထူးနှင့် လစာကို ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ ယင်းအနေဖြင့် မသိ ရှိရသေးကြောင်းလည်း ဆရာမ ဒေါ်-----က ဆိုသည်။

မာန်ယုကျော် (ရွှေဝမြေ)

Yangon Media Group