Home » » ဝိုင်းမော်မြို့နယ်အတွင်း စိတ်ကြွဆေးပြား ၊ ဘိန်းဖြူနှင့် ဘိန်းမဲများ ဖမ်းဆီးရမိ

ဝိုင်းမော်မြို့နယ်အတွင်း စိတ်ကြွဆေးပြား ၊ ဘိန်းဖြူနှင့် ဘိန်းမဲများ ဖမ်းဆီးရမိ

Written By Unknown on Friday, July 26, 2013 | 2:15 AM

၂၅-၇-၂၀၁၃ ရက်နေ့ (၁၀၃၀) အချိန် ဝိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးယုနိုင်ဦးစီး၍ စခန်းမှူးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့သည် သက်သေများနှင့် အတူ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာ
လမြန်ရပ်ကွက်နေ ဒေါ်ဒေါင်လမ်း ၏ နေအိမ်၌မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်စီးနင်း ရှာဖွေရာ ခဲ့ကြောင်း သိရပါသည်။

အဆိုပါ ဒေါ်ဒေါင်းလမ်း နေအိမ် အိပ်ခန်း တစ်ခုအတွင်းရှိ အဝတ်ဘီဒို အတွင်း ဘိန်းမဲထုတ်(၂)ထုတ် အလေးချိန် (၅၂.၆၆)ဂရမ်ခန့် ဘီဒိုဘေး အဝတ်ပုံအတွင်းရှိ အဖြူရောင် ကျန်ကျောင်း အိတ်အတွင်းမှ ဘိန်းဖြူမှုန့် (၁၅)ဂရမ်ခန့်စီပါ ဆပ်ပြာခွက် (၂)ခွက် (အလေးချိန်-၃၀ ဂရမ်) နှင့် အပြာရောင် ကပ်ခွာအိတ်ငယ်များဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀)ပြားစီပါ (၅)ထုတ် စုစုပေါင်းဆေးပြား (၁၀၀၀)ပြား ၊ အိပ်ခန်းအတွင်း မွေ့ယာအတွင်းမှ အဖြူရောင် ကြွတ်ကြွတ်အိတ် အတွင်း၌ ဘိန်းဖြူမှုန့်များပါ အဖြူရောင်ကော်ဗူး(၇)ဗူး (အလေးချိန်-၃.၁၅)ဂရမ် စုစုပေါင်း ကာလတန်ဖိုး (၄၇၃၆၄၉၀)ကျပ်၊ ဒေါ်ဒေါင်လမ်း လွယ်ထားသည့် ပိုက်ဆံအိတ်အတွင်းမှ မူးယစ်ဆေးဝါး ရောင်းချရငွေ (၅)သိန်းကျပ်တွေ့ရှိ သိမ်းဆည်းခဲ့ပြီး မူးယစ်ဆေးဝါးများအား ရောင်းချသူ ဒေါ်ဒေါင်လမ်းအား ဝိုင်းမော်မြို့မရဲစခန်း မယ(ပ)၂၀၁/၂၀၁၃ မူယစ်/စိတ်ပြောင်းပုဒ်မ ၁၅/၁၉(က)/၂၀(က) အရ အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

အလားတူ မြစ်ကြီးနားမြို့ တွင်လည်း ၂၅-၇-၂၀၁၃ ရက်နေ့၁၂၀၀နာရီအချိန်ခန့်တွင် မြစ်ကြီးနားခရိုင် အထူးမှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ် အောင်မြသန်း ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ မြစ်ကြီးနားမြို့နယ် တီယန်ဇွပ်ကျေးရွာနေ ဦးအောင်သိန်းသန်း၏ နေအိမ်သို့ သက်သေများနှင့်အတူ ၀င်ရောက် ရှုာဖွေရာ ၄င်း၏နေအိမ်အိပ်ခန်း အတွင်းရှိ ဆန်အိတ်ထဲတွင် ၀ှက်သိမ်းထားသော (WY) ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၆၁၀)ပြား ကာလတန်ဖိုး ၁၈၃၀၀၀၀ ကျပ်ရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိသဖြင့် တရားခံအောင်သိန်းသန်း ၃၇/၁၃ နှစ်(ဘ)ဦးချစ်ေ၇ွှ   ၊ ၅/ခဥန(နိုင်)၀၉၃၂၉၇ တီယန်ဇွတ်ရွာ ၊ မြစ်ကြိးနားမြို့နယ်နေသူအား မြစ်ကြီးနားမြို့၊ မြို့မရဲစခန်း မယ(ပ) ၆၂/၂၀၁၃ မူးယစ်စိတ်ပြောင်းပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိ ကြောင်း သတင်းရရှိပါသည်။

by Myanmar News Now