Home » » ရန်ကုန်လေဆိပ်တွင် မြန်မာနိုင်ငံကူး လက်မှတ်စာအုပ်အတု အသုံးပြု ၀င်ရောက်လာ သူများအား စစ်ဆေး အရေးယူ

ရန်ကုန်လေဆိပ်တွင် မြန်မာနိုင်ငံကူး လက်မှတ်စာအုပ်အတု အသုံးပြု ၀င်ရောက်လာ သူများအား စစ်ဆေး အရေးယူ

Written By Unknown on Thursday, July 25, 2013 | 4:02 PM

ရန်ကုန်၊ ဇူလိုင် ၂၅

၂၄.၇.၂၀၁၃ ရက်နေ့ ၀၈၀၀ အချိန် ရန်ကုန်လေဆိပ်သို့ မလေးရှား နိုင်ငံမှ Air Asia လေကြောင်းလိုင်းခရီးစဉ် အမှတ် AK 1426 ဖြင့် ရောက်ရှိလာသော ကိုယဉ်ခိုင်၊ ၃၀ နှစ်၊ (ဘ)ဦးစံရှင်း၊ စိုင်းဂေါင်းရွာ၊ မြိုင်မြို့နယ်၊ မကွေးတိုင်း ဒေသကြီး နေသူသည် မလေးရှားနိုင်ငံသို့ ၂၀၁၀ ခုနှစ်တွင် တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး Yin Khaing (မနလ M 673081/ ၆.၁.၁၀၁၂)၊ မြန်မာနိုင်ငံကူး
လက်မှတ်စာအုပ်အတုအား အစစ်အမှန်အဖြစ် အသုံးပြုကာ ၀င်ရောက် လာကြောင်း ရန်ကုန်လေဆိပ်(လ၀က)မှ စစ်ဆေးတွေ့ရှိရသဖြင့် ကိုယဉ်ခိုင်အပေါ် အရေးယူပေးရန် လ၀က(လေဆိပ်စစ်ဆေးရေးအဖွဲ့)မှ တိုင်တန်းခဲ့၍ မင်္ဂလာဒုံမြို့မ ရဲစခန်း(ပ) ၄၄၆/၂၀၁၃၊ လ၀ကအက် ဥပဒေပုဒ်မ ၁၃(၁)/၁၃(၇)(က)(ဃ) ဖြင့်လည်းကောင်း၊ အဆိုပါဖြစ်စဉ်အား သတင်းတပ်ဖွဲ့၊ လေဆိပ်ဌာနစုမှ တိုင်တန်းမှုအား (ပ) ၄၄၇/၂၀၁၃၊ ပုဒ်မ ၄၂၀/၄၆၈ ဖြင့်လည်းကောင်း အရေးယူ ဆောင်ရွက်လျက်ရှိ ပါသည်။

အလားတူ အဆိုပါလေယာဉ်ဖြင့်ပင် ရောက်ရှိလာသော ကိုအောင်မျိုးထက်၊ ၂၆နှစ်၊ (ဘ)ဦးသန်းထွန်း၊ (၆)ရပ်ကွက်၊ လှိုင်သာယာမြို့နယ် နေသူသည် မလေးရှားနိုင်ငံသို့ ၂၀၁၁ ခုနှစ်တွင်တရားဝင်သွား ရောက်ခဲ့ပြီး Aung Myo Htet ( မနလ M 673084 / ၆.၁.၁၀၁၂) မြန်မာနိုင်ငံကူး လက်မှတ်စာအုပ်အတုအား အစစ်အမှန်အဖြစ် အသုံးပြုကာဝင် ရောက်လာကြောင်း ရန်ကုန်လေဆိပ်(လ၀က) မှစစ်ဆေးတွေ့ရှိရသဖြင့် ကိုအောင်မျိုးထက်အပေါ် အရေးယူပေးရန် လ၀က (လေဆိပ် စစ်ဆေးရေး အဖွဲ့)မှ တိုင်တန်းခဲ့၍ မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၄၄၈/၂၀၁၃၊ လ၀ကအက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၇)(က)(ဃ) ဖြင့်လည်းကောင်း၊ အဆိုပါဖြစ်စဉ်အား သတင်းတပ်ဖွဲ့၊ လေဆိပ်ဌာနစုမှ တိုင်တန်းမှုအား
(ပ) ၄၄၉/၂၀၁၃၊ ပုဒ်မ ၄၂၀/၄၆၈ ဖြင့်လည်းကောင်း အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police