Home » » ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကနီမြို့တာရိုးပြိုကျ

ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကနီမြို့တာရိုးပြိုကျ

Written By Unknown on Tuesday, July 30, 2013 | 10:00 AM

ကနီ     ဇူလိုင်    ၂၉

စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာခရိုင် ကနီမြို့သည် ချင်းတွင်းမြစ်ကမ်းနံဘေးတွင်တည်ရှိသော မြို့ဖြစ်သဖြင့် နှစ်စဉ် မိုးရာသီ ရောက်တိုင်း ချင်းတွင်းမြစ်ရေတက်ချိန်တွင်  မြစ်ရေတိုက်စားခြင်းကြောင့် တာပေါင်များကျိုးခြင်းနှင့် မြစ်ရေလျှံ တက်ခြင်းတို့ ခံရမြဲဖြစ်သည်။

ယခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် မိုးရွာသွန်းသဖြင့် ချင်းတွင်းမြစ်ရေတက်ပြီး ဇူလိုင် ၂၇ ရက် နံနက် ၆ နာရီ ၂၅ မိနစ်တွင် ကနီမြို့၌   ချင်းတွင်း မြစ်ရေ စိုးရိမ်ရေမှတ် ၁ဝ၆၉ စင်တီမီတာသို့ရောက်ရှိခဲ့ သည်။ အရှိန်ပြင်းစွာ စီးဆင်းမှုကြောင့်  ကနီမြို့ကမ်းနား လမ်းရှိ ရေထိန်းနံရံနှင့် တာပေါင် ပေ ၂ဝ ခန့်ပြိုကျခဲ့ကြောင်း  သိရသည်။

ချင်းတွင်းမြစ်ရေတက်မှုနှင့် ပတ်သက်ပြီး အမှတ် (၂) ရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးက  ချင်းတွင်းမြစ်ရေ ဆက်လက် မြင့်တက်လာလျှင် ကနီမြို့အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်ရှိ မြေအနိမ့်ပိုင်းများသို့ ရေများဝင်ရောက်မှု ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။    

(မြို့နယ်ပြန်/ဆက်)

မြန်မာ့အလင်း