Home » » အီဂျစ်မှာ အခြေခံ ဥပဒေ ယာယီ ရုပ်သိမ်း

အီဂျစ်မှာ အခြေခံ ဥပဒေ ယာယီ ရုပ်သိမ်း

Written By Unknown on Thursday, July 4, 2013 | 3:42 AM

အီဂျစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ယာယီ ရုပ်သိမ်း ထားလိုက်ပြီလို့ အီဂျစ် စစ်ဦးစီးချုပ်က ကြေညာ လိုက်ပါပြီ။

တရား ဝန်ကြီးချုပ် ဦးဆောင်မှုနဲ့ ပညာရှင် အရာရှိကြီး တွေနဲ့ ကြားဖြတ် အစိုးရ ဖွဲ့စည်းပြီး သမ္မတ နဲ့ လွှတ်တော် ရွေးကောက်ပွဲ အသစ် တွေ ကျင်းပ သွားမယ် လို့ ဗိုလ်ချုပ်ကြီး Abdel Fattah al-Sisi က ရုပ်သံက တိုက်ရိုက် မိန့်ခွန်း ပြောကြား ခဲ့တာပါ။

တရား ဝန်ကြီးချုပ် က သမ္မတရဲ့ အခွင့် အာဏာ များကို ယာယီ သုံးစွဲနိုင်မှာ ဖြစ်ကြောင်း ပြောကြား သွားပါတယ်။

ဒီကြေညာချက်က အစ္စလာမ် ဝါဒီ သမ္မတ မိုဟာမက် မော်စီကို ရာထူးက ဖယ်ရှား လိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

ပြည်သူ့ တောင်းဆိုချက်နဲ့ အညီ စစ်တပ်က လိုက်နာတာ ဖြစ်ကြောင်း လည်း ဖြည့်စွက် ပြောကြား ပါတယ်။

တာရီယာ ရင်ပြင်က သောင်းနဲ့ချီတဲ့ သမ္မတ ဆန့်ကျင်ရေး ဆန္ဒပြ လူအုပ်ကြီးက ဒီကြေညာချက်ကို ကောင်းချီး သြဘာ ပေးကြပါတယ်။

အီဂျစ်မှာ အကြီးဆုံး အစ္စလာမ် ဘာသာရေး အကြီးအကဲ ဖြစ်တဲ့ Al-Azhar ဗလီ ဆရာကြီး၊ ကော့ပတစ် ခရစ်ယာန် ဂိုဏ်းချုပ်ကြီး နဲ့ အတိုက်အခံ ခေါင်းဆောင် Mohammed ElBaradei တို့ အားလုံး ဗိုလ်ချုပ်ကြီး Sisi နောက်မှာ ဆက်လက် မိန့်ခွန်း ပြောကြား ကြပြီး ထောက်ခံမှု ပေးခဲ့ကြ ပါတယ်။

မော်စီ ပယ်ချ

စစ်တပ်ရဲ့ ကြေညာချက် တွေကို စစ်အာဏာ သိမ်းမှု အဖြစ် သမ္မတ မော်စီက သူ့ရဲ့ Facebook စာမျက်နှာက တဆင့် ပယ်ချ ခဲ့ပါတယ်။

ဆန္ဒပြ ပွဲကြီးတွေနဲ့ ဒီမို ကရေစီ နည်းကျ တင်မြှောက် ထားတဲ့ ခေါင်းဆောင် တယောက်ကို ကို နုတ်ထွက်ဖို့ ဖိအား ပေး တာတွေကို အလျှော့ မပေးဖို့ သမ္မတ ထောက်ခံသူတွေနဲ့ သြဇာကြီးတဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ဝင် တွေ က တောင်းဆို နေကြပါတယ်။

သမ္မတ ဂိုဏ်းသားတွေ ဆန္ဒပြ နေတဲ့ နေရာတွေ အပါအဝင် ကိုင်ရို မြို့တော်က အချက်အချာ ဌာန တွေကို သံချပ်ကာ ကားတွေနဲ့ စောင့်ကြပ် နေကြ ပါတယ်။

အလွန်အကျွံ လုပ်ရပ် တွေကို စစ်တပ်နဲ့ ရဲက ရင်ဆိုင် ဖြေရှင်း သွားမှာ ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး Sisiက သတိပေး ပြောကြား ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)