Home » » တရုတ်နိုင်ငံ ဘေဂျင်းလေဆိပ်တွင် ပေါက်ကွဲမှု ဖြစ်ပွား

တရုတ်နိုင်ငံ ဘေဂျင်းလေဆိပ်တွင် ပေါက်ကွဲမှု ဖြစ်ပွား

Written By Unknown on Sunday, July 21, 2013 | 12:45 AM

တရုတ်နိုင်ငံ ဘေဂျင်း နိုင်ငံတကာလေဆိပ်၏ ခရီးသည်များ ဆိုက်ရောက်နားနေရာ ခန်းမ (‪Terminal‬ 3) တွင် စနေနေ့ (ဇူလိုင် ၂၀ ရက်) ညနေပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေသူတစ်ဦးက လက်လုပ်ဗုံးကို ဖောက်ခွဲလိုက်ခြင်းဖြစ်ကြောင်း မျက်မြင်များက ဆိုသည်။ ဗုံးဖောက်ခွဲခဲ့သူမှာ အသက် ၃၄ နှစ်အရွယ် ‪‎Ji‬ ‪‎Zhongxing‬ ဖြစ်ပြီး ‪Shangdong‬ ပြည်နယ်မှဖြစ်သည်။ အဆိုပါ ဗုံးဖောက်ခွဲသူမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

ပေါက်ကွဲမှုကြောင့် အခြား မည်သူမျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိချေ။ အွန်လိုင်းဘလော့ဂ်တစ်ခုတွင် ဖော်ပြချက်အရ Ji Zhongxing သည် ၂၀၀၅ ခုနှစ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းတွင် ရဲတပ်ဖွဲ့က ရိုက်နှက်မှုကြောင့် ၎င်း၏ခန္ဓာကိုယ်အောက်ပိုင်း ထိခိုက်ဒဏ်ရာရရှိကာ ဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေရမှုအပေါ် ဆန္ဒပြသည့်အနေဖြင့် ဗုံးဖောက်ခွဲခြင်းဖြစ်ကြောင်း သိရသည်။ Ji Zhongxing သည် မီးရှူးမီးပန်းတွင် အသုံးပြုသည့် ယမ်းမှုန့်များဖြင့် ဖောက်ခွဲရေးပစ္စည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Planet Myanmar Network