Home » » မြောက်ကိုရီးယားနဲ့ စစ်ရေး ဆက်ဆံမှု မရှိလို့ ဦးသိန်းစိန် ပြောကြား

မြောက်ကိုရီးယားနဲ့ စစ်ရေး ဆက်ဆံမှု မရှိလို့ ဦးသိန်းစိန် ပြောကြား

Written By Unknown on Wednesday, July 17, 2013 | 7:08 AM

မြန်မာ အစိုးရဟာ မြောက်ကိုရီးယားနဲ့ သံတမန်ရေး ကလွဲလို့ စစ်ရေး ဆက်သွယ်မှုတွေ အားလုံး ဖြတ်တောက်ထားတယ်လို့ သမ္မတ ဦးသိန်းစိန်က လန်ဒန်ရောက်ခိုက် ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့တာ ခံထားရတဲ့ မြောက်ကိုရီးယားနဲ့ အဆက်အသွယ် လုပ်တယ် ဆိုပြီး မြန်မာ စစ်ဗိုလ်ချုပ်တယောက်ကို အမေရိကန်က နာမယ်ပျက် စာရင်း သွင်းခဲ့ပြီးတဲ့နောက် စစ်ရေး ဆက်ဆံမှု အခုလို ဖြတ်တောက်လိုက်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံအတွင်း လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေကို လုံးဝ သည်းခံမှာ မဟုတ်ဘူးလို့လည်း ဦးသိန်းစိန်က ပြောပါတယ်။

ဗြိတိန်ကနေ ပြင်သစ်ကို ထွက်ခွာတော့မယ့် ဦးသိန်းစိန်ကို ပြင်သစ် လူ့အခွင့်အရေး အဖွဲ့တွေကလည်း မြန်မာ နိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေ ထိန်းသိမ်းစောင့်ရှောက်ဖို့ ပန်ကြားထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)