Home » » ၂၀၁၄ ခုနစ် သန်းခေါင်စာရင်းကို "ဝ"မှာပါ ကောက်ယူမည်

၂၀၁၄ ခုနစ် သန်းခေါင်စာရင်းကို "ဝ"မှာပါ ကောက်ယူမည်

Written By Unknown on Sunday, July 21, 2013 | 10:29 PM

၂၀၁၄ ခုနစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ အစိုးရရုံးတွေ သွားရောက် ဖွင့်လှစ်နိုင်ခြင်း မရှိသေးတဲ့ "၀" အထူးဒေသ အပါဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေ စာရင်းကို ကောက်ယူသွားဖို့ ရှိနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီက RFA ကိုပြောပါတယ်။

"ဝ" ဒေသတင် မကပါဘူး။ကျွန်တော်က စောစောက ပြောသလို သန်းခေါင်းစာရင်းက တစ်နိုင်ငံလုံး ကောက်မှာ။မတ်လ ၁၀ ရက်နေ့ကနေ ဧပြီ ၁၀ ရက်နေ့အထိ၊သန်းခေါင်စာရင်း ရည်ညွှန်းချိန်သည် မတ်လ ၂၉ ရက်နေ့ည၊အဲဒီအချိန်မှာပါတဲ့ လူတွေ အကုန်လုံး သန်းခေါင်းစာရင်းမှာပါမှာ"

အခုလို သန်းခေါင်စာရင်း ကောက်ယူရာမှာ ပြီးခဲ့တဲ့ လတွေအတွင်းလူဦးရေ စာရင်း စစ်ဆေးစဉ် တင်းမာမှုတွေ ဖြစ်ခဲ့တဲ့ မူဆလင် ဒုက္ခသည် စခန်းတွေမှာတော့ အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေရဲ့ အကူအညီကို ရယူသွားမယ်လို့လည်း ၀န်ကြီးကပြောပါတယ်။

ဒါ့အပြင် ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည် စခန်းတွေမှာ နေထိုင်ကြတဲ့ မြန်မာ တိုင်းရင်းသားတွေလည်း ဒီတကြိမ် သန်းခေါင်စာရင်း ကောက်ယူမှုမှာ ထည့်သွင်း ကောက်ယူသွားမယ်လို့ သိရပါတယ်။

သန်းခေါင်စာရင်း ကောက်ယူမှုမှာ ပညာရေး ၀န်ကြီးဌာန လက်အောက်မှာရှိတဲ့ ကျောင်းဆရာ၊ ဆရာမ ဦးရေတစ်သိန်းနှစ်သောင်းအကူညီနဲ့ ၁၂ ရက်အတွင်း အပြီးကောက်ယူသွားမှာ ဖြစ်ပြီး ခုလို သန်းခေါင်စာရင်း ကောက်ယူမှုအတွက် အမေရိကန် ဒေါ်လာ ၅၈ သန်း ကုန်ကျမယ်လို့ သိရပါတယ်။

RFA Burmese