Home » » ဂျပန်ခေတ်ကမြှုပ်နှံထားသော ရွှေဟုယူဆရသော သတ္တု ပစ္စည်းများကို ဇီးကုန်းမြို့တွင် တူးဖော်နေ

ဂျပန်ခေတ်ကမြှုပ်နှံထားသော ရွှေဟုယူဆရသော သတ္တု ပစ္စည်းများကို ဇီးကုန်းမြို့တွင် တူးဖော်နေ

Written By Unknown on Tuesday, July 30, 2013 | 4:50 PM

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ဇီးကုန်းမြို့တွင် အများသုံး ရေကန်တူးဖော်ရာမှ ဂျပန်ခေတ်က မြှုပ်နှံထားသောရွှေဟု ယူဆရသော သတ္တုပစ္စည်း ခန့်မှန်း တန်ချိန်တစ်တန်ခန့်ကို ဆက်လက် တူးဖော်နေကြောင်း ဇီးကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ထွေးထံမှသိရသည်။

ဇီးကန်းမြို့ အမှတ်(၃)ရပ်ကွက်၊ သိမ်ကြီးရိုးလမ်းနေ ဒေါ်ညွန့်ညွန့်သောင်းနေအိမ် အနောက်ဘက်ရှိ ရေကန်ဟောင်းကြီးကို အများသုံး ရေကန်အဖြစ် ရွေးချယ်၍ (၂၀၁၃)ခုနှစ်၊ ဧပြီလ(၂၄)ရက်တွင် စတင်ကာ ပြန်လည်တူးဖော်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ယခုလို ရွှေဟုယူဆရသော သတ္တုပစ္စည်းများနှင့် ပတ်သက်၍ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်များမြေအောက်မှာ မြှုပ်နှံခဲ့ပုံနှင့် တွေ့ရှိရသော ပစ္စည်းများ အကြောင်းကိုအုပ် ချုပ်ရေးမှူး ဦးအောင်ထွေးကရှင်းပြသည်။

(၂၀၁၃)ခုနှစ်၊မေ(၂၆)ရက်တွင် ဘူမိဗေဒ ပညာရှင်ပါမောက္ခ ဦးစိုးသိန်းနှင့် အဖွဲ့ရောက်ရှိလာ၍ နာဆာ Satellite နှင့် လေ့လာစမ်းသပ်ချက်အရ ရွှေဟုယူဆရသော သတ္တုပစ္စည်းများကို မြေအောက်(၆၅)ပေခန့်တွင်မြှုပ်နှံ ထားခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်ကို ဦးအောင်ထွေးက ဆက်လက်ရှင်းပြခဲ့သည်။

ဆက်လက်၍ ဇီးကုန်း၊အ မှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ထွေးက ၎င်းတို့အနေဖြင့် ရေကန်တူးဖော်မှုတွင် လုံခြုံရေး စောင့်ကြပ်ထားရှိမှုနှင့် ယခုတူးဖော်မှုတွင် စက် ယန္တရားများနှင့် တူးဖော်၍ မရတော့သည့် အတွက် ရှမ်းပြည်နယ်မှ ရွှေတူးပညာရှင်များနှင့် ပူးပေါင်း လုပ်ကိုင်နေရကြောင်း၊ ရာသီဥတုကြောင့် အခက်အခဲရှိပုံများ ကိုရှင်းပြခဲ့သည်။ ဆက်လက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ထွေးနှင့် အိမ်ရှင်ဦးကျော်မျိုးသန့်တို့က ပြောကြားခဲ့သည်။

ဇီးကုန်းမြို့နယ်သည် ဂျပန်ခေတ် စစ်လက်ကျန်ပစ္စည်းများ မြှုပ်နှံခဲ့သောအများဆုံး နေရာဖြစ်ကြောင်းလေ့လာစမ်းသပ်သူများ၏ ပြောကြားချက်အရသိရသည်။ ယခုတူးဖော်မှုတွင် ရွှေဟုယူဆရသော သတ္တုပစ္စည်းများကို အမှန်တကယ်ရရှိ လျှင်နိုင်ငံတော် အတွက် အကျိုးဖြစ်ထွန်းမှု ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

SkyNet TV Browser