Home » » ရှမ်းသောင်းကျန်းသူ အဖွဲ့မှ မူဆယ်ရိုးမဘဏ် မန်နေဂျာထံ ကျပ်သိန်း (၁၀၀) ဆက်ကြေး တောင်းခံ

ရှမ်းသောင်းကျန်းသူ အဖွဲ့မှ မူဆယ်ရိုးမဘဏ် မန်နေဂျာထံ ကျပ်သိန်း (၁၀၀) ဆက်ကြေး တောင်းခံ

Written By Unknown on Friday, July 5, 2013 | 11:43 AM

နေပြည်တော် ဇူလိုင် ၎

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၂/၃)၊ ပြည်ထောင်စု လမ်းမကြီး၊ တောင်ရပ်ကွက်ရှိ ရိုးမဘဏ် ဧည့်ကြို ဝန်ထမ်း ဖြစ်သူထံသို့  ၂ဝ၁၃ ခုနှစ်၊ ဇူလိုင် ၃ ရက် နံနက် ၁၁ နာရီ အချိန်ခန့်တွင် အမည်မသိ ဆိုင်ကယ်စီး နင်းလာသူ တစ်ဦး ရောက်ရှိလာပြီး စာတစ်စောင် ပေးခဲ့ကြောင်း၊ ၎င်းစာတွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊   သျှမ်းပြည် တပ်မတော်/ တောင်အမည်ခံ အဖွဲ့တစ်ဖွဲ့မှ ရိုးမဘဏ် မန်နေဂျာသို့ ၂ဝ၁၃ ခုနှစ်၊ ဘဏ္ဍာရေး နှစ်အတွက် အခွန်ငွေကျပ်သိန်း ၁ဝဝအား ဇူလိုင် ၁၄ ရက် နောက်ဆုံး ထားပြီး ဖုန်းနံပါတ် (၁၈၇၈၈၂၁၃၃၉၂) သို့ ဆက်သွယ်ပေး ဆောင်ရန် ဖော်ပြထားကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် အတွင်း သောင်းကျန်းသူ အဖွဲ့များ၏ ခေါင်းစဉ် အမျိုးမျိုးပြကာ အတင်းအဓမ္မ ဆက်ကြေး/ ရိက္ခာ ကောက် ခံခြင်းနှင့် လူသစ်စု ဆောင်းခြင်း၊ ဥပဒေမဲ့ အနိုင်ကျင့် သတ်ဖြတ်ခြင်း တို့အား လက်နက် အားကိုးဖြင့် အနိုင်ကျင့် လုပ် ဆောင်လျက် ရှိရာ ယခုအခါ မူဆယ်မြို့ ရိုးမဘဏ် ဝန်ထမ်းများ အပါအဝင် ဒေသခံ ပြည်လူထုမှ  အသက် အန္တရာယ် စိုးရိမ်နေရပြီး အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်လိုသည့် ပြည်သူလူထုက  အကြောက် တရားဖြင့်  အနိုင်ကျင့် နေသည့်  ၎င်းသောင်းကျန်းသူ အဖွဲ့များအား ကျေနပ်မှု မရှိကြောင်းနှင့် သက်ဆိုင်ရာ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထား ကြောင်း သတင်း ရရှိသည်။

Written by  စကားဝါ (မြ၀တီ)